တခြားနိုင်ငံတွေကို ကျူးကျော်အနိုင့်ကျင့်မှုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ရုတ်သမ္မတက ပြော

တခြားနိုင်ငံတွေအပေါ် အင်အားထောင့်တင်းလာမှုကို အသုံးချပြီး  ကျူးကျော်အနိုင့်ကျင့်မှုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ ချုပ်ဆိုထားတဲ့ နိုင်ငံမကျူးကျော်ရေး၊ ၀င်ရောက်မစွက်ဖက်ရေးစာချုပ် အနှစ် ၆၀ ပြည့် အခမ်းအနားမှာ တရုတ် သမ္မတက ပြောကြားလိုက်ပါတယ်။

အင်အားနဲ့ တခြားနိုင်ငံတွေအပေါ် လွှမ်းမိုးချုပ်ကိုင်မှုအယူအဆဟာ တရုတ် လူမျိုးတွေရဲ့ ဗီဇ မဟုတ်သလို  တရုတ်နိုင်ငံကလည်း ဆုပ်ကိုင် မထားဘဲ  ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီဖြစ်ပြီး အဲ့လိုကြိုးစားမှုမျိုးဟာလည်း ကျဆုံးမှာဖြစ်တယ်လို့  သမ္မတ Xi Jinping က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်တို့နဲ့ ပင်လယ်ပိုင်နက် ပိုင်ဆိုင်မှု အငြင်းပွား ဖြစ်နေတဲ့ တရုတ်ဟာ စစ်ရေး အသုံးစရိတ် တနှစ်နဲ့တနှစ် တိုးမြင့်ပြီး နယ်မြေ ချဲ့ထွင်မှု၊ လွှမ်းမိုးချုပ်ကိုင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့  ပြောဆိုမှုအပေါ် နိုင်ငံတကာက သံသယစိတ်နဲ့ စောင့်ကြည့်နေပါတယ်။

တရုတ်သမ္မတက အာရှပစိဖိတ်ဒေသလုံခြုံရေး ပုံစံသစ်ကို ဖော်ဆောင်နေတာလို့ ဆိုပေမယ့် အမေရိကန်နိုင်ငံရဲ့ အာရှတိုက်ပေါ် သြဇာလွှမ်းမိုးမှုကို တရုတ်နိုင်ငံက ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေ တာလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

0 မှတ်ချက်များ for "တခြားနိုင်ငံတွေကို ကျူးကျော်အနိုင့်ကျင့်မှုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ရုတ်သမ္မတက ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++