အပြစ်ရှိကြောင်း အတင်းဝန်ခံခိုင်း တဲ့လုပ်ရပ် ရပ်တန့်ဖို့ SNLD တောင်းဆို

မန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ရဲ့ နမ့်လင်းမိုင်ရုံးခွဲ ဥက္ကဌ စိုင်းကိန်ကို ရိုက်နှိက် ဖမ်းဆီး၊ အပြစ်ရှိကြောင်း အတင်း လက် မှတ်ထိုး ၀န်ခံခိုင်းပြီး အမှုဖွင့် တရား စွဲနေတဲ့အပေါ် ရပ်တန့်ဖို့  SNLD က  မေ ၁၅ ရက် နေ့စွဲဖြင့် ကြေ ညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။  

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုပြီး အပြစ်ရှိကြောင်း အတင်းဝန်ခံခိုင်းနေတာ သည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် RCSS/SSA တို့အကြား ကြိုးပမ်း တည်ဆောက်လျက်ရှိသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည့် အပြင် RCSS/SSA ကဲ့သို့သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အစိုးရတို့၏ အပြန်အလှန်ယုံကြည်မှုကို တစ်နည်းတစ်ဖုံ ထိခိုက် ယုတ်လျော့ ပျက်ပြယ်စေမည် ဖြစ်ကြောင်း
ကြေညာချက်တွင် ဖေါ်ပြထားပါတယ်။ 
  
နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် တပ်မတော်တို့ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းများကို ထိခိုက် ပျက်ပြားစေမည့် အောက်ခြေတပ်ရင်း တပ်ဖွဲ့များ၏ အသေးအဖွဲ လုပ်ရပ်မှား တစ်ခုမှသည် တိုင်းရင်းသား
ပြည်သူတို့၏ ယုံကြည်မှုကို ဆုံးရှုံးစေနိုင်သည့် ဆိုးကျိုးများ မပေါ်ပေါက်ရလေအောင် သက်ဆိုင်ရာ တာဝန်ရှိ သူများအားလုံး ဝိုင်းဝန်းထိန်းသိမ်းဖြေရှင်းကြရန် တိုက်တွန်းေ တာင်းဆိုကြောင်းလည်း  ဖော်ပြထားသည်။

ကျနော်တို့ SNLD နမ့်လင်းမိုင်ရုံးခွဲ ဥက္ကဌ  စိုင်းအိုက်ကိန်(ခ) အိုက်ကျိမ်းကို ကျိုင်းတုံအခြေစိုက် ခလရ ၂၄၅ က ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ရိုက်နှက် စစ်ဆေးပြီးတော့ ရဲစခန်းကို လွှဲပြောင်းပေးတယ်၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နဲ့ ပတ်သက်လို့ဆိုပြီး 
မတရားအသင်းအဖွဲ့ ဆက်သွယ်မှုနဲ့
ရဲစခန်းက အရေးယူ ထောင်ချဖို့ ကြိုးပမ်းနေတာဖြစ်တဲ့အတွက် တရား ဥပဒေနဲ့ ညီညွတ်မှု မရှိဘူး။ ဒါကို အမြန်ဆုံးရပ်တန့် ပေးဖို့ ကျနော်တို့ ကြေငြာချက်ထုတ်ပြန်တောင်း ဆိုတာ ဖြစ်တယ်လို့  SNLD ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောပါတယ်။

ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် တစ်ယောက်က သူ့ကို ထောင်ထဲမှာ သွားတွေ့ခဲ့တယ်။ သူကိုယ်တိုင်
ပြောပြခဲ့တာ။ ၂၄၅ တပ်ထဲမှာ တစ်ခါ၊ တရားရုံးမှာ တစ်ခါ သူ့ကိုလက်ဆွဲပြီး လက်ဗွေနှိပ် လိုက်တယ်ပေါ့၊  သူကိုယ်တိုင်ကတော့ သူ့ကိုယ်သူ အပြစ်မရှိ ဘူးလို့ လုံးဝယုံကြည်တဲ့အတွက် လုံးဝ အပြစ်ရှိတယ်လို့ ဝန်မခံဘူး။ ဝန်မခံတဲ့ကြားထဲကို သူ့ကို လက်ဗွေနှိပ် လိုက်တယ်လို့ ဆက်ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ရာမှာ RCSS/SSA သည် သမ္မတ ဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံမှု ရှိသလို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ မကြာခဏတွေ့ဆုံပြီး အစိုးရနှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်တပ်ဖွဲ့ တခုဖြစ်ပါတယ်။ 

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သမ္မတဦးသိန်းစိန်ထံ တင်ပြပေးခဲ့သော်လည်း လက်ရှိ အချိန်ထိ အကြောင်း မပြန်သေးကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

0 မှတ်ချက်များ for "အပြစ်ရှိကြောင်း အတင်းဝန်ခံခိုင်း တဲ့လုပ်ရပ် ရပ်တန့်ဖို့ SNLD တောင်းဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++