KIA ကို အင်အားသုံး တိုက်ခိုက်မည်ဟု မပခ တိုင်းမှူး ရာဇသံပေး

ရွှေလီဆွေးနွေးပွဲမှာ (မပခ) တိုင်းမှူး ထွန်းထွန်းနောင်
တိုက်ပွဲဖြစ်ပွား လျော့ချနိုင်ရေး  မေလ ၁၃ ရက် တွင် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ကချင် လွတ်လပ်ရေး တပ်မတော် KIO က အစိုးရကို ကမ်းလှမ်းနေတဲ့အချိန်မှာ KIA မှ အစိုးရ၀န်ထမ်း ဖမ်းရခြင်း အကြောင်းပြ ချက်ဖြင့် KIA အပေါ် ထိုးစစ်ဆင်မှု တိုးမြင့်မည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးက  ပြော ဆိုကြောင်း သိရသည်။

အရပ်ဝတ် KIA တပ်ဖွဲ့ ဝင်များက အစိုးရ ဝန်ထမ်း ၂ ဦးကို မေလ ၃ ရက် နေ့လယ်က မြစ် ကြီးနားမြို့ နယ် ဒွန်ဂမ်ကျေးရွာ အနီးတွင်  ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု အစိုးရလက်နက်ကိုင်တပ်ဖွဲ့ စွတ်စွဲပြီး မေလ ၆ ရက် ညနေ ၆ နာရီ နောက်ဆုံး ထားပြီး ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက ထိုးစစ်ဆင်မှု တိုးမြင့်မည်ဟု  (မပခ) တိုင်းမှူး  KIO ထံ စာရေး အကြောင်းထားသည်ဟု အစိုးရပိုင်သတင်းစာက ဖော်ပြသည်။

မြစ်ကြီးနားဆွေးနွေးပွဲ သဘောတူညီချက် ခုနစ်ချက်နှင့် လိုက်နာရမည့် အချက် ၁၈ ချက်တွင် ပါဝင်သည့်
ပြည်သူလူထုကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း မပြုလုပ်ရဟု ဆိုသော အချက်အတိုင်း ယင်းအစိုးရ ဝန်ထမ်းနှစ်ဦးကို ပြန်လွှတ်ပေးသင့်သည်ဟု ထိပ်တန်း တပ်မတော်အရာရှိတစ်ဦးက အစိုးရပိုင်သတင်းစာကို  ပြောကြားသည်ဟု ဆိုသည်။

KIAက အစိုးရဝန်ထမ်းနှစ်ယောက်ကို ဘယ်အချိန်တုံးက ဖမ်းဆီးထားခဲ့လဲ ဆိုတာ မကြားဖူးပါဘူး။ ဖမ်းဆီး ရင် နီးစပ်တဲ့ ကျနော်က သိရသလို အများပြည်သူတွေကို သိရမှာပါ။ အခုက ဘာမှ မသိရဘဲ (မပခ) တိုင်းမှူး ထွန်းထွန်းနောင်က ပြောတယ်ဆိုတော့ စွတ်စွဲတာဘဲ။ စစ်တိုက်လေယဉ်တွေအသုံးပြုပြီး ကချင်တပ်ဖွဲ့နှင့် ကချင်ပြည်သူတွေကို တိုက်ခိုက်နိုင်ဖို့ ကြံဖန်ဝါဒဖြန့်နေတာ ဖြစ်ပါလိမ့်မယ်ဟု အမည်မဖေါ်လိုတဲ့ ဒွန်ဂမ်
ကျေးရွာ သားတစ်ဦး ပြောသည်။ 

လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်ပြီး မလ ၁၃ ရက်တွင် မြစ်ကြီး နားမြို့၌ တွေ့ ဆုံဆွေးနွေးဖို့  KIO က အစိုးရကို ကမ်းလှမ်းထားသည်။

0 မှတ်ချက်များ for "KIA ကို အင်အားသုံး တိုက်ခိုက်မည်ဟု မပခ တိုင်းမှူး ရာဇသံပေး "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++