နှစ်နိုင်ငံပူးပေါင်း စစ်ရေးလေ့ကျင့်မှု ဖိလစ်ပိုင်နဲ့ အမေရိကန် စတင်
ဖိလစ်ပိုင်နဲ့ တရုတ်အကြား တင်းမာမှုတွေနေတဲ့ ကြားက တပ်သား ၅၅၀၀၀ လောက်ပါဝင်တဲ့ အမေရိကန် နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်ပါတယ်။
အမေရိကန်တပ်သားတွေ ဖိလစ်ပိုင် နိုင်ငံတွင်း တိုးမြှင့်ထားရှိဖို့ စစ်ရေး သဘောတူညီမှု စာချုပ် လက်မှတ် ထိုးပြီး တစ်ပတ်အကြာမှာပဲ ဒီလို ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က မြို့တော် မနီလာကို လာရောက်ခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားက ဖိလစ်ပိုင်ဘက်က ရပ်တည်ပေးမယ် လို့ အာမခံခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကျွန်းစုတွေအတွက် တရုတ် နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာ လနဲ့ ချီနေပြီ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "နှစ်နိုင်ငံပူးပေါင်း စစ်ရေးလေ့ကျင့်မှု ဖိလစ်ပိုင်နဲ့ အမေရိကန် စတင်"