ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား

ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကိုလိုအပ် တာထက် ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလို အလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံး မယ်ဆိုရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ သာမန်လူတွေက အဲဒီလိုဖြစ်ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေ မှာ တွေ့ရတတ်တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။


ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။
Health Updates Journal

0 မှတ်ချက်များ for "ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++