ဆီးရီးယားဒုက္ခသည် စခန်းသစ် ဂျော်ဒန်သဲကန္တာရမှာ ဖွင့်

ဆီးရီးယား နိုင်ငံကနေ ထွက်ပြေး ခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်းကြီး တစ်ခုကို
ဂျော်ဒန်နိုင်ငံ သဲကန္တာရမှာ ဖွင့်လှစ်လိုက်ပါတယ်။

ကနဦးတုန်းကတော့ အဲဒီ အယ်အက်ဇ်ရက် al-Azraq ဒုက္ခသည်စခန်းဟာ ဒုက္ခသည် ၅ သောင်းလောက် အတွက်ပဲ နေရာရှိတာ ဖြစ်ပေမယ့် အခုအခါ နောက် ထပ် တိုးချဲ့ဖို့ စီစဉ်နေပါတယ်။

အဲဒီမှာ နေရာချထားမယ့် ပထမအသုတ် ဒုက္ခသည် ရာပေါင်း အနည်းငယ်လောက်ကတော့ စခန်းကို ရောက် လာကြပြီ ဖြစ်ပါတယ်။


ဒီဒုက္ခသည်စခန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူတွေ အတွက် ဆောက်ခဲ့သမျှ ဒုက္ခသည်စခန်းတွေ ထဲမှာ အကောင်းဆုံး စခန်း ဖြစ်မယ်လို့ ဆိုပါတယ်။

အဲဒီ ဒုက္ခသည်စခန်းမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရဲဌာနတွေနဲ့ ကုန်စုံဆိုင်ကြီးတစ်ခု ထားရှိမှာ
ဖြစ်ပြီး ဒုက္ခသည်တွေအတွက် ထောင်နဲ့ချီတဲ့ နေအိမ်တွေ ပါဝင်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အနေနဲ့ ဆီးရီးယား ဒုက္ခသည်တွေ ခိုလှုံ နေထိုင်နေတဲ့ ဂျော် ဒန်နိုင်ငံ ဇာတာရီ ဒုက္ခသည် စခန်းက အတွေ့အကြုံဆိုးတွေကနေ သင်ခန်းစာယူပြီး ဒီ အယ်အက်ဇ်ရက် ဒုက္ခသည်စခန်းကို တည်ဆောက်ခဲ့တာလို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဆီးရီးယားဒုက္ခသည် စခန်းသစ် ဂျော်ဒန်သဲကန္တာရမှာ ဖွင့်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++