အာဏာအလွဲသုံးစားမှုနဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်နှင့် အဖွဲ့ဝင် ၉ ဦးကို ဥပဒေခုံရုံးကနေ ဖြုတ်ချ

ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စယင့်လတ် ရှင်နာဝပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ၀န်ကြီးချုပ် အဖြစ်အုပ်ချုပ်ခွင့် မရှိတော့ကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက  မေလ ၇ရက် ဒီကနေ့ မှာ ဖြုတ်ချလိုက်ပါတယ်။

 ထိုင်းဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေ ခုံရုံးက မစ္စယင့်လတ်နှင့် အဖွဲ့ဝင် (၉)ဦးတို့   ဖြုတ်ချပြီး မစ္စယင်းလတ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့် ၅ နှစ် ပိတ်ပင်လိုက်ပါတယ်။ 

လစ်လပ်နေတဲ့ မစ္စယင့်လတ်နေရာကို ကုန်သွယ်ရေးဝန်ကြီး Niwatthamrong Bunsongphaisan ကို ယာယီ ဝန်ကြီးချုပ်အဖြစ် ယနေ့ ခန့်အပ် လိုက်ပါတယ်။   
  
မစ္စယင့်လတ် ဖယ်ရှားခဲ့တဲ့ မစ္စတာ Thawil ကိုလည်း ၎င်းရဲ့မူလရာထူးကို ပြန်လည်ခန့်အပ်ကြောင်း
 ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့  ဆုံးဖြတ်ချက်ထဲမှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ်က ထိုင်းအမျိုးသားလုံခြုံရေးဌာနအကြီးအကဲ အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသားစုရဲ့ ဖွေထိုင်းပါတီအတွက် အကျိုးအမြတ်တွေရခဲ့ပြီး ဒါဟာအာဏာကို အလွဲသုံးစားလုပ်ခြင်း ဖြစ်တယ် လို့ Paiboon Nititawan ဦးဆောင်တဲ့ ထိုင်းအထက်လွှတ်တော် အမတ်တွေက စွဲချက်အပေါ် မစ္စယင့်လတ်က ဥပဒေခုံရုံးမှာ ယမန်နေ့ ကြားနာစစ်ဆေးခဲ့အပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက အာဏာအလွဲသုံးစားမှုနဲ့  အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ် မစ္စယင့်လတ် ၀န်ကြီးချုပ်ဖြစ်နေတဲ့အချိန်မှာ ထိုင်းအမျိုးသားလုံခြုံရေးဌာန အကြီးအကဲဖြစ်နေတဲ့  မစ္စတာ Thawil ကို  ဖယ်ရှားခဲ့ပြီး မစ္စယင့်လတ်ရဲ့ ဆွေမျိုးတော်စပ်သူ ရဲဗိုလ်ချုပ် Wachean Potephosree ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ ဒါဟာ မစ္စယင့်လတ်က အာဏာအလွဲသုံးစားလုပ်တယ်ဆိုပြီး အထက် လွှတ်တော် အမတ်တွေက စွဲချက်နဲ့ တရားခုံရုံးမှာ အမှုရင်ဆိုင်ရပြီး အခုလို ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ 

မစ္စယင့်လတ်ကတော့ သူ့ရဲ့ဝန်ကြီးချုပ် ရာထူးနဲ့ တရားဝင်လုပ်ပိုင်ခွင့်အရ ရာထူးတာဝန် ပြောင်းလဲခန့်အပ် ခဲ့တာဖြစ်ပြီး သူ့ကို စွပ်စွဲထားသလို အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး စွပ်စွဲမှုတွေအားလုံးကိုလည်း ငြင်းဆန် သွားမှာ ဖြစ်တယ်လို့ မနေ့က ပြောခဲ့ပါတယ်။

0 မှတ်ချက်များ for "အာဏာအလွဲသုံးစားမှုနဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်နှင့် အဖွဲ့ဝင် ၉ ဦးကို ဥပဒေခုံရုံးကနေ ဖြုတ်ချ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++