လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာဖေါ်ပြချက် ရုရှားကန့်ကွက်
ယူကရိန်း အရှေ့ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက် မှုအခြေအနေ စိုးရိမ်စရာ ကောင်းလောက်အောင် ဆိုးရွားနေကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာ ဖေါ်ပြချက်ကို ရုရှားက ကန့်ကွက် လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ဒီ အစီရင်ခံစာဟာ လုံးဝ မျှတမှု မရှိ ဘူး၊ စွပ်စွဲပြောဆိုနေတာပါ လို့ ရုရှားက ငြင်းဆို လိုက်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ရေးအဖွဲ့ထဲမှာတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေက အကြမ်းဖက်မှုတွေ ဖြစ် လာကြပြီး သတင်းထောက်တွေနဲ့ နိုင်ငံ တကာ က စောင့်ကြည့် လေ့လာသူတွေကို တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
နိုင်ငံအရှေ့ပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေရဲ့ ပစ်မှတ်ထား သတ်ဖြတ်မှု၊ ညှဉ်းပမ်း နှိပ်စက်မှု၊ ထင်သလို ဖမ်းဆီးမှုတွေ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ကုလသမဂ္ဂ စောင့်ကြည့် လေ့လာ သူတွေက မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

0 မှတ်ချက်များ for "လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အစီရင်ခံစာဖေါ်ပြချက် ရုရှားကန့်ကွက်"