ကျနော်တို့  တစ်ဦးချင်း စွမ်းဆောင်ရည်တွေ အားနည်းခဲ့တယ်လို့ ချဲလ်ဆီးနည်းပြ မော်ရင်ဟို
ချဲလ်ဆီး အသင်းဧ။် မန်နေဂျာ မော်ရင်ဟို မှ မနေ့ ညက ကစားခဲ့ သည့် ၀က်စ်ဘရွမ်းအသင်းအား သရေတစ်မှတ် ခွဲပေးလိုက်ရခြင်းမှာ အသင်းလိုက်စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း တစ်ဦးချင်း နည်းစနစ်ပိုင်း အာနည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
မနေ့ ညက ပွဲစဉ်တွင် ပထမပိုင်းနာကျင်ချိန်ပို ၃မိနစ်တွင် ဆားဘီယား ခံစစ်မှူး၏ သွင်းဂိုးဖြင့် ဒုတိယပိုင်း ၈၇ မိနစ်အချိန်ထိ ဇယားဒုတိယမှ အသင်းအား ၄ မှတ် ပြတ် ဦးဆောင်ခွင့် ရနေခဲ့သော်လည်း ၈၇ မိနစ် တွင် ၀က်စ်ဘရွမ်းအသင်း၏ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာအင်နီချီဘီ၏ အသဲခွဲ ဂိုးအားခွင့်ပြု ပေးခဲ့ရပြီး ဇယားထိပ်ကို ဆက်လက် ဦးဆောင်နိုင်ဖို့  ယနေ့ ညတွင် ကစားမည့် အာဆင်နယ် အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို၏ ရလဒ်များ ကို စောင့်ကြည့် ရတော့မည် ဖြစ်သည်။
၈၇ မိနစ်ထိ တစ်ဂိုးအသာနှင့် ဦးဆောင်နေနိုင်မှုကြောင့် အနိုင်ရမည်ဟု ထင်နေသည့် မော်ရင်ဟိုက ပွဲပြီးခါနီးမှ သရေတစ်မှတ် ခွဲဝေပေးလိုက်ရသည့် ကိစ္စနှင့် ပတ်သတ်ပြီး ...
" မိနစ် ၆၀ ကျော်ထိ ပွဲက တစ်သင်းတည်း ကစားနေသလိုပါ။ ဒါပေမယ့် အဲဒီ အသင်းကမှ ပွဲကို နိုင်အောင် မထိန်းချုပ်နိုင်ခဲ့ဘူး။ အထူးသဖြင့် ဒုတိယပိုင်း ပြန်စလို့  ၁၅ မိနစ် အချိန်ထိပေါ့။ ဒါပေမယ့် နောက် မိနစ် ၂၀ လောက်မှာတော့ အသင်းရဲ့  ကစားပုံက ကျဆင်းသွားခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးဖို့  မိနစ် ၂၀ အလိုက ဆိုရင်လည်း ပွဲက တစ်ဖက်သတ်လို ဖြစ်နေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပွဲအဖြေက ပြောင်းပြန်
ဖြစ်သွားခဲ့ရတယ် ။ "
" ပထမပိုင်းတစ်ပိုင်းလုံးနီးပါး ဘာအခွင့်ရေးမှ မရှိပဲ ကျနော်တို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုးသမား ပီတာချက်ဆိုရင် ကာကွယ်မှု တစ်ကြိမ်မှတောင် မလုပ်ခဲ့ရဘူး။ သူတို့ တိုက်စစ်မှူးတွေဆိုလည်း တစ်ကြိမ်မှ ဂိုးပေါက် ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်း ပြန်စတာနဲ့  သူတို့ က ဖွင့်ကစားတော့ ကျနော်တို့  အခွင့်ရေးတွေ အတော်များများ ရခဲ့ပါတယ်။ အဲဒါက ပထမပိုင်းတုန်းကလို အခွင့်ရေးအဖြစ် မဖန်တီးနိုင် ခဲ့ကြဘူး။ ဒါပေမယ့် ကျနော်တို့ ပွဲကို အနိုင်၇အောင် လုံလောက်တဲ့ ကောင်းမွန်မှု လည်း မရှိခဲ့ပါဘူး" အသင်းလိုက်ပွဲကို ထိန်းချုပ်နိုင်ခဲ့ကြပေမယ့် တစ်ဦးချင်း စွမ်းဆောင်ရည်တွေ အားနည်းခဲလို့  ကျနော်တို့  ရလဒ်မကောင်းခဲ့တာပါ " ဟု ပြောကြားသွားခဲ့သည်။___ ၀ိုင်း ( ကျိန်းရိပ် )

0 မှတ်ချက်များ for " ကျနော်တို့  တစ်ဦးချင်း စွမ်းဆောင်ရည်တွေ အားနည်းခဲ့တယ်လို့ ချဲလ်ဆီးနည်းပြ မော်ရင်ဟို "