ဖြုတ်ချခံရတဲ့ ယင်းလတ် အစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေက ဘန်ကောက်မြို့မှာ စုဝေးအင်အားပြ

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ်နဲ့ ကက်ဘိနက် ဝန်ကြီး ၉ဦး ရာထူးက ဖြုတ်ချခံ လိုက်ရတာကို ကန့်ကွက်
ကြောင်း ပြသတဲ့ အနေနဲ့ အစိုးရ ထောက်ခံ အားပေးသူ ရှပ်နီ ဝတ်တွေက ဘန်ကောက်မြို့ အနောက်ဘက် ခြမ်းမှာ အင်အားပြ ထောက်ခံ ဆန္ဒပြပွဲကို စတင်လိုက်ကြပါတယ်။

အခြေခံ ဥပဒေ တရားရုံးက အစိုးရ ဝန်ကြီးတွေကို အာဏာ အလွဲသုံးမှု စွဲချက်တွေနဲ့ ရာထူးက ဖြုတ်ချ လိုက် အပြီးမှာ ဒီမိုကရေစီစနစ်ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် လုပ်သင့်တာတွေ လုပ်သွားမယ်လို့ အစိုး ရ ထောက်ခံ အားပေးသူတွေက ပြောပါတယ်။

ဒါပေမယ့် စစ်တပ် ကြားဝင်လာစေမယ့် အဖြစ်မျိုးမဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်း လုပ်ကြဖို့ ဆန္ဒပြ
ခေါင်းဆောင်တွေက ပန်ကြားထားပါတယ်။

ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ လမ်းမတွေပေါ် ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး ယာယီအစိုးရ အဖွဲ့သစ် တဖွဲ့ ဖွဲ့စည်းဖို့ ဆီးနိတ်လွှတ်တော်ကို အစိုးရဆန့်ကျင်တဲ့ အတိုက်အခံ အဖွဲ့က တောင်းဆို ထား ပါတယ်။

0 မှတ်ချက်များ for "ဖြုတ်ချခံရတဲ့ ယင်းလတ် အစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေက ဘန်ကောက်မြို့မှာ စုဝေးအင်အားပြ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++