ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်မှု အကြီးအကျယ် ဆက်လက် ဖြစ်ပွားနေ

တောင်တရုတ် ပင်လယ်က နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ ရေနံတူးစင်ထားရှိမယ့် တရုတ်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှု
တွေ ဗီယက်နမ်နိုင်ငံမှာ အကြီးအကျယ်ဆက်လက်
ဖြစ်ပွားနေပါတယ်။

ဗီယက်နမ် နိုင်ငံ တောင်ပိုင်း ဘင်ဒေါင်းမြို့မှာ ရှိတဲ့ တရုတ်ပိုင် စက်ရုံတွေမှာ ဆန္ဒပြနေကြတဲ့ ဗီယက်နမ် အလုပ်သမားတွေဟာ ထောင်ပေါင်းများစွာ ရှိပါ တယ်။  ထိခိုက် ပျက်ဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း တရုတ်တို့ရဲ့ လုပ်ရပ်ဟာ ရန်စ ကျူးကျော်တဲ့ လုပ်ရပ် ဆိုပြီး ပြောထားပါတယ်။

တရုတ်တို့ရဲ့ အခုလို လုပ်ရပ်ဟာ ဗီယက်နမ်တွေကို အကြီးအကျယ် ဒေါသထွက်စေပြီး အငြင်းပွား ရေပိုင် နက်နေရာမှာလည်း နှစ်နိုင်ငံ သင်္ဘောတွေဟာ မတိုးသာ မဆုတ်သာ အခြေအနေမျိုး ရင်ဆိုင်နေကြပါတယ်။

0 မှတ်ချက်များ for "ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်မှု အကြီးအကျယ် ဆက်လက် ဖြစ်ပွားနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++