အပစ်အခတ်ရပ်စဲရေ ကာချုပ်ရဲ့ မူဝါဒ လက်ခံဖို့ အခက် အခဲရှိဟု NCCT - ခေါင်းဆောင်ဆို
ဧပြီလ ၅ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ
ပြု လုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတင်ပြတဲ့ ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒများနှင့်ပတ်သက်ပြီး လက်ခံဖို့ ခက်ခဲနေတဲ့အတွက် ပြန်ညှိနှိုင်းဖို့ လိုအပ် တယ်လို့ NCCT ခေါင်းဆောင်က ပြောကြား လိုက်ပါတယ်။
ပြု လုပ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတင်ပြတဲ့ ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒများနှင့်ပတ်သက်ပြီး လက်ခံဖို့ ခက်ခဲနေတဲ့အတွက် ပြန်ညှိနှိုင်းဖို့ လိုအပ် တယ်လို့ NCCT ခေါင်းဆောင်က ပြောကြား လိုက်ပါတယ်။
“သူ့ဘက်က အဆိုပြုလာတဲ့ အချက်ပါ။ တကယ်တမ်း ဆွေးနွေးမယ်ဆိုရင် လက်ခံလို့ မရပါဘူး။ တစ်ဖက် သတ် ဖြစ်နေတယ်။ အားလုံးကို ပြန်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” ဟု NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဦးနိုင်ဟံသာက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒများမှာ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များကို ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်နာဆောင်ရွက်ရန် စတဲ့အချက် ပါဝင်ခြင်းကြောင့် ဖြစ်သည်။
“ဒီမူဝါဒတွေကို တပ်မတော်ဘက်က လိုက်နာပြီးမှ ထာဝရငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဆောင်ရွက် သွားမှာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် တည်ဆဲဥပဒေကို လက်ခံရမည် ဖြစ်သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲထားခြင်းမှာ အဆင်မပြေနိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ က ပြောကြားသည်။
“တိုင်းရင်းသားတွေဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတာ မဟုတ်တော့ အဲဒီဟာကို ညှိနှိုင်းရမယ်” ဟု ၎င်းကဆိုသည်။
နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေး သို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်မှ ထိပ်တန်းအရာရှိများ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ထို့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာထံမှ သိရသည်။


0 မှတ်ချက်များ for "အပစ်အခတ်ရပ်စဲရေ ကာချုပ်ရဲ့ မူဝါဒ လက်ခံဖို့ အခက် အခဲရှိဟု NCCT - ခေါင်းဆောင်ဆို "