ရုရှားလုပ်ရပ်အပေါ် တုံ့ပြန်ဖို့ NATO အဖွဲ့ဝင်များဝန်ကြီး များ တွေ့ဆုံ ဆွေးနွေး

ယူကရိန်းနိုင်ငံ ခရိုင်မီးယား (Crimea) ဒေသကို ရုရှားက သိမ်းယူလိုက်တဲ့အပေါ် တုံ့ပြန်ဖို့  မြောက် အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘရပ်ဆဲလ်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးဖို့ ခဲ့ကြပါတယ်။

ရုရှားရဲ့ လုပ်ရပ်ဟာ NATO အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံ အဖြစ် အသိအမှတ် ပြုထားတဲ့အခြေခံ မူဝါဒတွေကို
ဖောက်ဖျက်ခဲ့တယ်လို့  NATO အထွေထွေ အတွင်းရေးမှုးချုပ် အန်ဒါစ် ဖော့ဂ် ရပ်စ်မာဆင် က  ပြောကြားလိုက်ပါတယ်။

ယူကရိန်း နယ်စပ်က ရုရှားတပ်တွေ ရုပ်သိမ်းသွားပြီလား ဆိုတာကိုလည်း သူ့အနေနဲ့ အတည်မပြု နိုင်သေးဘူးလို့ မစ္စတာ ရပ်စ်မာဆင်က ဆိုပါတယ်။

NATO အဖွဲ့ဝင် အရှေ့ ဥရောပနိုင်ငံတွေအပေါ် ကျန်မဟာမိတ်နိုင်ငံတွေက ဘယ်လောက်အတိုင်းအတာ အထိ အာမခံချက်တွေ ထပ်ပေးရမလဲ၊ ယူကရိန်းအစိုးရကိုလည်း ဘယ်လိုအကူအညီ သစ်တွေ ပေးရမလဲ ဆိုတာတွေကို  NATO အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။ 

စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့နှင့် လေကြောင်းကင်းလှည့်မှု တိုးချဲ့ပြုလုပ်ဖို့ NATO အဖွဲ့ကြီးက စီစဉ်နေပါတယ်။ ရုရှားနယ်စပ်နား ပိုနီးတဲ့ အရှေ့ဥရောပမှာ အမြဲတမ်း အခြေစိုက်စခန်းတွေ ဖွင့်မယ့် အလားအလာတွေကို ၀န်ကြီးတွေ ဆုံးဖြတ်ချက် ချနိုင်တယ်လို့ သံတမန်တွေက ပြော ပါတယ်။

ယူကရိန်းနယ်စပ်နားမှာ ချထားတဲ့ တပ်ဖွဲ့ဝင်ရာပေါင်းများစွာကို တနင်္လာနေ့မှာ ရုရှားက ပြန်ရုပ်ခဲ့ပေ မဲ့ ထောင်ပေါင်းများစွာ ကျန်နေဆဲရှိပါသေးတယ်။

0 မှတ်ချက်များ for "ရုရှားလုပ်ရပ်အပေါ် တုံ့ပြန်ဖို့ NATO အဖွဲ့ဝင်များဝန်ကြီး များ တွေ့ဆုံ ဆွေးနွေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++