ထိုးစစ်ဆင်လာတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ KIA ပြင်းထန်တဲ့ တိုက်ပွဲဆက်ဖြစ်ပွား
မန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသ မှာ အစိုးရတပ်က ထိုးစစ်တိုက်ခိုက်လာနေ တာကြောင့် တိုက်ပွဲပြင်းထန်စွာ ပြန်လည်ဖြစ် ပွားပြီး ဒေသခံ ၂ ထောင်နီးပါးက ရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိသည်။
တပ်အင်အား၂၀၀ ကျော်ရှိတဲ့ တပ်မ ၈၈ က သုံး ဘက်သုံးတန်ဖြင့် KIA တပ်ရင်း ၂၇ ကို ထိုးစစ်ဆင် တိုက်ခိုက် လလာတာကြောင့် ပစ်ခတ်မှုတွေ ကတော့ ယမန်နေ့ ညမိုးချုပ်သည်ထိ ပြင်းထန်နေဆဲ လို့ KIA ၂၇ တပ်ရင်းမှူး ဗိုလ်မှူးဇော်ဘာ က အခုလို ပြောသည်။
တိုက်ပွဲက ဧပြီ (၁၀)ရက် မနေ့က ညနေ (၆)နာရီ ကတည်းက စဖြစ်တာပါ။ သူတို့က သုံးဘက်သုံးတန် ထိုးစစ်ဆင်လာတော့ ဒီနေ့ တနေကုန်ပေါ့ ပစ်ခတ်မှုတွေ က ပြင်းထန်းနေတာပေါ့။ ကျနော်တို့တပ်ဖွဲ့က အသေအချာနေရာယူထားတော့
ပြသနာမရှိဘူး။ လယ်ကွင်း ထဲကနေ သူတို့ (ဗမာ) စစ်ကြောင်း တက်လာ တာ ကျနော်တို့
ကောင်းကောင်းမြင်ရတယ်။ သူတို့ဘက်က အကျအဆုံးများမယ်။
လဂါတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည်မှ ၈၀၀ ကျော်နှင့် ရှမ်းရွာတွေဖြစ်တဲ့ မန့်ဟွေ့၊ မန့် မောန်း၊ ဟိုဟင်၊
ကောင်းနောင်၊ ကွန်ကျိုင်း၊ နောင်လုတ် ၊ နောင်လုမ်၊ စွန်ခါး ရှမ်းရွာ ၁၀ ရွာမှ ၁၀၀၀ ကျော် စုပေါင်း ၂၀၀၀ နီးပါးတို့က အိုးစွန့်အိမ်စွန့် ထွက်ပြေးနေရကြောင်းလည်း သိရသည်။
ကောင်းနောင်၊ ကွန်ကျိုင်း၊ နောင်လုတ် ၊ နောင်လုမ်၊ စွန်ခါး ရှမ်းရွာ ၁၀ ရွာမှ ၁၀၀၀ ကျော် စုပေါင်း ၂၀၀၀ နီးပါးတို့က အိုးစွန့်အိမ်စွန့် ထွက်ပြေးနေရကြောင်းလည်း သိရသည်။
ယခုချိန်အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၂၇ ဒေသနေရာအနှံလှုပ်ရှားနေခြင်းကြောင့် ဒုက္ခသည်များ အတွက် စိုးရိမ်နေရကြောင်း ဒုက္ခသည်ကြည့်ရှုသူများကပြောသည်။
မိုင်းခေါင်ဒုက္ခသည် စခန်းအနီး ခပရာယန် (Hkapra Yang) မှာလည်း တပ်အင်အား
၁၀၀ ကျော်ရှိတဲ့ ခမရ ၆၀၁ နဲ့ KIA တပ်ရင်း ၁၂ နဲ့ တိုက်ပွဲ ပြင်းထန်နေပြီး
မြန်မာအစိုးရ တပ်ရင်းမှူး တယောက်က ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့
ပြန်ဆုတ်သွားတယ်လို့ သိရသည်။
0 မှတ်ချက်များ for "ထိုးစစ်ဆင်လာတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ KIA ပြင်းထန်တဲ့ တိုက်ပွဲဆက်ဖြစ်ပွား"