ထွက်မည့် iPad mini ကို အကောင်းဆုံး မျက်နှာပြင်ဖြင့် လုပ်မည်
iPad mini ဒုတိယမျိုးဆက်အတွက် Apple မှ ပြင်ဆင်
နေပြီ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ သတင်းအရ
နောက်ထွက် iPad မီနီမှာ Apple ရဲ့  အကောင်းဆုံး Display ကို အသုံးပြုမယ်လို့ ဆိုပါတယ်။
Retina Display ပဲဖြစ်နိုင်ချေ များပေမယ့် Resolution ထပ်မြင့်ထား ပါ တယ်။ AOU နဲ့ ပေါင်းပြီး လက်ရှိ သူတို့ ထုတ်နေတဲ့ Resolution 2,048x1,536 pixel ကို သုံးမယ်လို့လည်း သတင်းထွက်နေပါတယ်။ သို့ပေမယ့် ၇.၉ လက်မ အရွယ်ပဲ ရှိတဲ့ iPad mini ကို Retina Display အသုံြး့ပုဖို့မှာ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။
Amazon က HD resolution အဆင့်ရှိတဲ့ Display ကို အသုံးပြု နေပါတယ်။ Retina ကိုလည်း အသုံးပြုတော့ မှာလို့ သတင်းထွက်နေပါတယ်။ Retina ကို Amazon ထုတ်တဲ့ Tablet Kindle တွေမှာလည်း အသုံးပြုမယ် ဆိုရင် ဈေးနှုန်းကလည်း ပိုမို သက်သာပါတယ်။

ယင်းအချက်မှာ
Amazon က သာသွားပြီး မီနီ Tablet ဈေးကွက်မှာ Apple ရဲ့  အဓိက ပြိုင်ဘက်
ဖြစ် လာနိုင် တယ်လို့ ဆိုပါတယ်။
ဒါကြောင့် Apple က မီနီ iPad ကို Retina အသုံးပြုပေမယ့် ဈေးနှုန်းကိုပါ တစ်ခါတည်း ချပေးဖို့ မျော်လင့်နေ ကြကြောင်း သိရပါတယ်။ ___Ref: Cnet

0 မှတ်ချက်များ for "ထွက်မည့် iPad mini ကို အကောင်းဆုံး မျက်နှာပြင်ဖြင့် လုပ်မည် "