ဒေသအစိုးရကျောင်းတွေမှာ ကယန်းစာပေ သင်ကြားနိုင်ဖို့ ကြိုးပမ်း
၂၀၁၄-၁၅ ပညာသင်နှစ်မှာ စာသင်ကျောင်းများတွင် ဘာသာတခုအဖြစ် ကယန်းစာပေကို သင်ကြားနိုင်ဖို့ လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းကို ဧပြီလတွင် အပြီးရေးဆွဲမည်ဟု သိရသည်။
ကယန်းေးသရှိ အစိုးရကျောင်းတွေမှာလည်း ဘာသာရပ်အပိုတခုအနေဖြင့် မဟုတ်ဘဲ အတွင်းဘာသာရပ် တခုကဲ့သို့ သင်ကြားဖို့အတွက် ပြည်နယ် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် တွဲဖက်အတွင်းရေးမှူး ဘုန်းမြင့်က ပြောပါသည်။
“ကျနော်တို့အနေနဲ့ခါကျတော့ ကျနော်တို့လိုချင်တဲ့ပုံစံ ပြောရမှာပေါ့နော် ကျောင်းချိန်အတွင်းမှာ ဘာသာ တစ်ခုအနေနဲ့ ကျနော်တို့ သင်ကြားချင်တယ်။ အဲလိုမျိုး ဘာသာအပိုတစ်ခုအနေနဲ့ သိပ်ပြီးတော့ မသင်ကြားချင်ဘူး”
ကယန်းဒေသရှိ ကယန်းစာသင်ကျောင်းများတွင် ကယန်းစာပေသင်ကြားနိုင်ရေးအတွက် ကယန်းမျိုး ဆက်သစ်လူငယ်မှ ဦးဆောင်ပြီး “ကယန်းစာပေသင်ကြားရေး ဆရာများ မွမ်းမံသင်တန်း” တရပ်ကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာ အုပ်စု ဆောင်ကန်း ရှမ်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကယားပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ လိပ်သို၊ ရှမ်းပြည်နယ် ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင်၊ နေပြည်တော်နှင့် မန္တလေး အစရှိသောတိုင်း၊ ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်စုစုပေါင်း လူဦးရေ ၂၅၀ ဦးကို မွမ်းမံသင်တန်းပို့ချပေးခဲ့သည်။

0 မှတ်ချက်များ for "ဒေသအစိုးရကျောင်းတွေမှာ ကယန်းစာပေ သင်ကြားနိုင်ဖို့ ကြိုးပမ်း"