ယူကရိန်းအရေး အမေရိကန်နှင့် ရုရှား အပြန်အလှန် အပြစ်တင်

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး၊ အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတို့ဟာ တယ်လီဖုန်းကနေ စကားပြောဆိုခဲ့ကြာတာမှာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ပြစ်တင်စွပ်ဆွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားလိုလားသူ လက်နက်ကိုင်တွေဟာ သူတို့ သိမ်း ပိုက်ထားတဲ့ ယူကရိန်းအစိုးရအဆောက်အဦတွေကနေ
ထွက်ခွာပေးဖို့ ရုရှားကနေ ကြားဝင် ဆောင်ရွက်ရမှာ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ယူကရိန်း နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ လက်သည် ယူကရိန်းအမျိုးသားရေး အစွန်းရောက် အုပ်စုတွေကို ထိန်းချုပ်ဖို့ အမေရိကန်က ကျောထောက် နောက်ခံ
ပြုထားတဲ့ ယူကရိန်းအစိုးရက ဆောင်ရွက်သင့်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Lavrov က၊ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်၊ ယူကရိန်း အရှေ့တောင်ဘက်ပိုင်းမှာ ရှိကြတဲ့ ရုရှလူမျိုးစုတွေဟာ သူတို့ကို အကာအကွယ် ပြုပေးဖို့ ရုရှား အစိုးရအပေါ် တောင်းဆိုနေမှုတွေ ပိုမိုများပြား လာနေတယ်လို့ ပြောခဲ့ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ယူကရိန်းအရေး အမေရိကန်နှင့် ရုရှား အပြန်အလှန် အပြစ်တင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++