အပစ်ရပ်စာချု ပ်ကို ဆွဲလှန်ခြင်း

မတ်လ ၂၇ ရက် စစ်ရေးပြပွဲမှာ ကာ/ချုပ် မင်းအောင်လှိုင် ရှင်းရှင်းပြတ်ပြတ်ပြောသွားခဲ့တာက-

၁)"လက်ရှိစစ်တပ်ဟာ ပြည်ထောင်စုတပ်မတော် ဖြစ်တယ်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တယ်၊ တိုင်းရင်းသား တွေဟာ ဦးစီးချုပ်တာဝန်၊ တိုင်းမှူးနဲ့အထက်တာဝန်တွေ ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေတာ ရှိတယ်။ အဆင့်တိုင်းမှာ တာဝန်ထမ်းဆောင်နေတယ်၊ ဘယ်တိုင်းရင်းသားဖြစ်မှ၊ ဘယ်ဒေသသားဖြစ်မှ ရာထူးပေးမယ်ဆိုတာမျိုး ခွဲခြားထား ခြင်းမရှိဘဲ… အရည်အချင်းများနှင့်ပြည့်စုံမှုရှိရင် တပ်မတော်မှာ အဆင့်မြင့် ရာထူးများအထိ တာဝန်ထမ်းဆောင်ခွင့်ရမယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်တပ်မတော်မှ မျိုးနွယ်စု လူဦးရေအချိုးအရ စစ်မှုထမ်းဆောင်စေရမယ်၊ ရာထူးနေရာပေးရမယ်ဆိုတာမျိုးမရှိ"

ဒါဟာ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့ ဖက်ဒရယ်တပ်မတော်တည်ထောင်ရေးကို ပယ်ချ လိုက် တာဖြစ်တယ်။ နိုင်ငံတကာမှာရှိတဲ့ အခွင့်အလမ်းနည်းအုပ်စုများ (တိုင်းရင်းသား လူနည်းစု၊ ဘာသာရေး လူနည်းစု၊ အမျိုးသမီး၊ မစွမ်းသန် စသည်များ) ကိုမျက်နှာသာပေးတဲ့ နိုင်ငံတော် ခက်မသုံးဖြာအချိုးကျ တာဝန်ထမ်းဆောင်ရေးစနစ်ကို မျက်စိ မှိတ်ငြင်းဆန်တာဖြစ်တယ်။

၂)"တိုင်းရင်းသားပြသနာဟာ နယ်ချဲ့တွေ သွေးခွဲအုပ်ချုပ်ခဲ့လို့ဖြစ်တယ်"

တိုင်းရင်းသားပြသနာဟာ အင်္ဂလိပ်ကိုလိုနီခေတ်မတိုင်မီနဲ့ ကိုလိုနီခေတ်အတွင်းမှာ သီးခြားစီတည်ရှိခဲ့တဲ့ နယ်မြေ ၅ ခု (ဗမာပြည်မ၊ ပဒေသရာဇ်ရှမ်းနယ်၊ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ကရင်နီပြည်) ကို
ပင်လုံအခြေခံမူ ဖောက်ဖျက်ပြီး အတင်းအဓမ္မသိမ်းသွင်းလို့ ပေါ်ပေါက်လာတာဖြစ်တယ်။ ပင်လုံအခြေခံမူဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အပြည့်အဝကိုယ်ပိုင် အုပ်ချုပ်ခွင့်အခြေခံပေါ်မှာ ပူးပေါင်းရေးဖြစ်တယ်။

၃) "ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ပန်ဆင်မယ်"… "''နိုင်ငံတော်ဖွဲ့စည်းပုံအခြေခ
ံဥပဒေကို ကာကွယ်
စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်'' ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ဒေတွင်
ပြဋ္ဌာန်းထားကြောင်း၊ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်ကြော
င်း၊ ပြင်ဆင်ရန် လိုအပ်လာလျှင်လည်းအခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊"

ပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသားများ တန်းတူရေးပြသနာကို ဖြေရှင်းချင် ရင် ဒီမိုကရေစီနဲ့ အမျိုးသားများတန်းတူရေးကို ပိတ်ဆို့ထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို လုံးဝပြင်ဆင်ပြောင်းလဲဖို့ လိုတယ်၊ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျနေချိန်၊ ဆန့်ကျင်ဘက်ကနေ လွတ်လပ်စွာ ဟောပြော စည်းရုံးလှုပ်ရှားခွင့်မရှိချိန်မှာ ဓားမိုးပြီးအတည်ပြု ခိုင်းခဲ့တာကို ၉၂.၄၈% က လွတ်လပ်တဲ့ဆန္ဒသဘောထား နဲ့ ထောက်ခံအတည်ပြုခဲ့တာလို့ ပြောနေတာ ရယ်စရာ ဘဲဖြစ်တယ်။ (အမတ် ၇၅% ကျော်မှပြင်ရမယ်လို့ ပြောထားတဲ့) အခန်း (၁၂) နဲ့အညီ ပြင်ဆင်သွားရမယ် ဆိုတာ မပြင်ဆင်နိုင်ဘူးလို့ ပြောတာနဲ့ အတူတူဖြစ်တယ်။

၎) "လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် လိုက် နာ ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ အရေးအကြီးဆုံးအချက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပဲ
ဖြစ်ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာမဆောင်ရွက်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင် ရွက်နေ လျှင် သဘောထား မတိုက်ဆိုင်မှုများကြောင့် မလိုအပ်ဘဲအချိန်ကြန့်ကြာနိုင်သလ
ို နဂိုရရှိပြီးသား ညှိနှိုင်းသဘောတူညီမှုများပါ ပျက်ပြယ် သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခများဆီကိုသာ ပြန်လည် ဦးတည်နိုင်မည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ ဥပဒေနှင့်အညီဖြစ်စေရေး သည် အရေးကြီးသည်"

၁၉၈၉-၁၉၉၅ ကာလမှာ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဘာနိုင်ငံရေးဆွေးနွေးပွဲ မှ ဖြစ်မလာခဲ့ဘူး။ အမျိုးသားညီလာခံကို နိုင်ငံရေးဆွေးနွေးပွဲလိုလိုနဲ့ ရောချခဲ့တယ်။ အဲ့ဒီညီလာခံမှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တင်တဲ့မူတွေကို မိုက်မိုက်ရိုင်းရိုင်းတုန့်ပြန်ပြီး ပယ်ချပစ်ခဲ့တယ်။ အခြေခံမူ ၁၀၄ ချက်ကို ဒီမိုကရေစီနည်းနဲ့ အတည်ပြုတာ မဟုတ်ခဲ့ဘူး။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သဘောမတူဘဲ အတင်းချမှတ်ပြီး တိုင်းရင်းသားတပ်ဖျက်သိမ်းရေး၊
တိုင်းရင်းသားနယ်မြေဖျက်သိမ်းရေး၊ တိုင်းရင်းသားပါတီများအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရေးကို
ဖိအားပေးခြိမ်းခြောက်ခဲ့တယ်။

တိုင်းရင်းသားတွေဘက်က ကမ်းလှမ်းနေတာက အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်မယ်၊ ဒါပေမဲ့ နိုင်ငံရေး
ဆွေးနွေးပွဲအတွက် အချိန်သတ်မှတ်ချက်ရှိဖို့၊ ကြားကာလအတွင်း တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆက်ရဖို့၊ နိုင်ငံရေးသဘောတူချက် ရအောင်မလုပ်ဘဲ အချိန်ဆွဲနေတာ မဖြစ်စေဖို့အတွက် သတ်မှတ်ကာလအတွင်း နိုင်ငံရေးကိစ္စမပြေလည်ရင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်မှု ဖြစ်ဖို့ကို တင်ပြနေတာ ဖြစ်တယ်။

၁၉၈၉-၂၀၀၉ ကာလတုံးကလည်း ငြိမ်းချမ်းရေး ၁၇ ဖွဲ့တို့၊ ၃၄ ဖွဲ့တို့ဟာ ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့ပြီလို့ အကြီးအကျယ်ကြော်ငြာခဲ့တာရှိတော့ ဥပဒေနဲ့အညီဖြစ်ရေးဆိုတာလည်း ယုံကြည်စရာ မရှိသလောက်ဖြစ်နေတယ်။

၅) "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် အထင်အမြင် လွဲမှားအောင် ရေးသားမှု၊ ပြောဆိုမှုများသည် ထာဝရငြိမ်းချမ်းရေးကို အဟန့် အတားဖြစ်စေမည်ဆိုတာ သတိထားရန်လိုအပ်သကဲ့သို့ မိမိကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏ရှေ့ရေးကို လျစ်လျူရှုသည့် လုပ်ရပ်များကို အမြင်ကျယ်ကျယ်ရှုမြင် သုံးသပ်ရှောင်ရှားကြရန်"

ဒါကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းချောက်လိုက်တာ ဖြစ်တယ်။ ခိုင်မာတိကျတဲ့
ပြဋ္ဌာန်းချက် မရှိဘဲ အမြင်ကပ်ရင်ကပ်သလို အရေးယူချင်တဲ့သဘောကို ပြနေ တယ်။
နိုင်ငံတော်ရဲ့ အကျိုးက မိမိတဦးချင်း၊ တိုင်းရင်းသားလူမျိုး တမျိုးချင်း၊ ပြည်နယ်တခုချင်း အကျိုးထက် အရေးကြီးတယ် ဆိုတဲ့ မူဆိုလီနီ ဖက်ဆစ်ဝါဒသဘောတရားကို ခံယူတာ လည်း ဖြစ်တယ်။

ကာချုပ်၏မူဝါဒ ၆ ရပ်
၁။ ထာဝရငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန် (အမှန်တကယ်ဆန္ဒရှိမှုကို အားကြီး သူဘက်က ပြဖို့ အဓိက ကျတယ်၊ ဆန္ဒရှိကြောင်း အပြောနဲ့မဟုတ်ဘဲ လက်တွေ့နဲ့ သက်သေပြဖို့လိုတယ်၊
ဥပမာ- တပ်စခန်းတွေ ဆုတ်ပေး တာ၊ တပ်အင်အားလျှော့ချတာ၊ အခြေခံဥပဒေပါ ။ တိုင်းရင်းသားရပိုင်ခွင့်တွေကို ပြင်ဆင်တိုးချဲ့တာ စသဖြင့်။)

၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် (ကတိတည်မတည် ကြားလူစစ်စစ်တွေက လွတ်လပ်စွာ
စောင့်ကြည့်နိုင်ဖို့လိုတယ်။)

၃။ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန် (အစိုးရဘက်ကနဲ့ ဗမာစစ်တပ်ဘက်က အမြတ်ထုတ်တာ တွေကို ဘယ်လိုအရေးယူမလဲ။)

၎။ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် (ဗမာစစ်တပ်ကမြေတွေသိမ်းလို့ ဒေသခံပြည်သူတွေ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်တာကော မဆိုင်ဘူးလား။)

၅။ နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန် (ဗမာစစ်တပ်က မလိုက်နာတာတွေ ဘယ်လိုလုပ်မလဲ၊ ပြည်သူလူထု
သဘောတူပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ဟုတ်လို့လား။)

၆။ ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်
ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် (ဒီမိုကရေစီအရေးနဲ့ အမျိုးသားများတန်းတူရေးကို ပိတ်ဆို့ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုဘဲ
လိုက်ပါဆောင်ရွက်ရင် တိုင်းရင်းသားပြသနာ ဘယ်လိုမှပြေလည်ဖို့ မရှိဘူး။)

သမတ မှာကြားချက်
က) ပြည်ထောင်စုမှမခွဲထွက်ခြင်း
ခ) ပြည်ထောင်စု၏အချုပ်အခြာအာဏာကို မထိပါးစေခြင်း

သူတို့ပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ထဲမှာ ခွဲထွက်မယ်၊ အချုပ်အခြာအာဏာကို ထိပါး မယ်လို့ ပြောနေ လုပ်နေတဲ့ အဖွဲ့ရှိလို့လား၊ ၁၈၇၅ ဗမာ-အင်္ဂလိပ်စာချုပ်အရ လွတ်လပ်တဲ့နိုင်ငံဖြစ်နေတဲ့ ကရင်နီပြည်ကလက်နက်ကိုင် အဖွဲ့တွေတောင် ခွဲထွက်ရေးအစား ဖက်ဒရယ်ပြည်ထောင်စုထဲပူးပေါင်းရေးမူကို ၂၀၀၃ ခုနှစ်ကတည်းက ချမှတ်ထားပြီးပြီ။

သမတမူက ၂ ချက်ဘဲရှိပေမဲ့ ကာချုပ်မူက ၆ ချက် ဖြစ်နေတယ်၊ ဒါ့အပြင် သမတမူမှာ ၂၀၀၈ အခြေခံ ဥပဒေကို ထည့်ပြောမထားဘဲ ကာချုပ်မူမှာ အဲ့ဒါကိုလိုက်နာဖို့ ပါနေတယ်။ ဒီတော့ သမတထက် ကာချုပ်ကမြင့်နေတာလား။ ကာချုပ်က သမတရဲ့မူကို လက်မခံနိုင်ဘူးလား၊ ဒါဆိုရင် သမတနဲ့ကာချုပ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရင်လုပ်ဖို့ လိုနေပြီ။

 အငြိမ်းစားအာဏာရှင်ကြီး သန်းရွှေရဲ့ လက်ရုံးတဆူဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ (ဒုဗိုလ်ချုပ်ကြီး
ဟောင်း) တင်အေးက သူ့အလုပ်မဟုတ်ဘဲ 'အခြေခံဥပဒေကို ပြင်ဆင်ရန် အချိန်စောသေးတယ်' လို့ပြော တာရယ်၊ ကာချုပ်မူ ၆ ချက်ရယ်၊ မတ် ၂၇ ရက် ကာချုပ်မိန့်ခွန်းရယ်၊ သမတမူ ၂ ချက်ရယ်ကို ပေါင်းချုပ် ကြည့်လိုက်ရင် အခုလို ကောက်ချက် လွယ်လွယ်ရှင်းရှင်းလေးချနိုင်တယ်-
  • အစိုးရသည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ် စဉ်ကို အလေးအနက်ထား လုပ်ဆောင်နေခြင်းမရှိ။
  • တပ်မတော်သည် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု မရှိ၊ အလေး အနက်ထားလုပ်ဆောင်လိုသည့်ဆန္ဒမရှိကြောင်းတွေ့ရှိရသည်။
  • အစိုးရရော တပ်မတော်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုကို ရွေးကောက်ပွဲ ဆိုင်ရာစည်းရုံးလှုံ့ဆော်မှုများ မစတင်မှီ ဖုတ်ပူမီးတိုက်ဆောင်ရွက် မီဒီယာမှလွှင့်ထုတ်ပြသ
    လိုပြီး နိုင်ငံရေးသဘော တူချက်ရရေးကိုမူ အချိန်အကန့်အသတ်မရှိ ဆွဲလုပ်လိုသည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ကဏ္ဍ(၃)ရပ်လုံးက အပေါ်ယံသဘောသာ လက်ခံပြီး အနှစ်သာရ ရှိရှိပြင်ဆင်ရေးကို မလိုလား။
  • နိုင်ငံရေးဆွေးနွေးပွဲများ အချိန်အကန့်အသတ်မထားဘဲ (အချိန်ဆွဲ၍) ဆက်လက်လုပ်ဆောင်သွားရန် ကတိကဝတ်ပြုသည်။
ဒါပေမဲ့ NCCT က ကောက်ချက်ချတာက-
  • အစိုးရသည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို အလေးအနက်ထား လုပ်ဆောင်လာသည်။
  • တပ်မတော်သည် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိလာပြီး အလေး အနက်ထားလုပ်ဆောင်လိုသည့်ဆန္ဒရှိကြောင်း တွေ့ရှိရသည်။
  • အစိုးရရော တပ်မတော်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများ မစတင်မှီ အပြီးသတ်ဆောင်ရွက်လိုသည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ကဏ္ဍ(၃)ရပ်လုံးက လက်ခံသည်။ သို့သော် လက်ရှိ ၂၀၀၈ မူကို ဖျက်သိမ်း၍ အသစ်ရေးခြင်းကို မလိုလား။
  • နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် ကတိကဝတ်ပြု သည်။
ဒီတော့ NCCT ဟာ ဒုတိယ MPC ဖြစ်လာပြီလား။...

UNFC ရဲ့ လက်အောက်ခံအလုပ်အဖွဲ့ ဖြစ်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ NCCT ဟာ  ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ် စာချုပ် အတူ ဆွဲဖို့ဆိုပြီး ၉ ဦးအဖွဲ့ ဖြစ်သွားခဲ့ရတယ်။ ဒိနောက်မှာ NCCT ၉ ဦးနဲ့ အစိုးရဘက်က ၉ ဦး ပေါင်း ၁၈ ဦးအဖွဲ့ဟာ NCCT တင်မကဘဲ UNFC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးအပေါ်ကို ချုပ်ကိုင်လွှမ်းမိုးပြီး အဆုံးအဖြတ်ပေးလာမှာလား ဆိုတာလည်း သတိထား စောင့်ကြည့်စရာ ဖြစ်လာပြီ။

တိမ်ကြားမင်းခေါင်မှ ခံစားတင်ပြသည်)

0 မှတ်ချက်များ for "အပစ်ရပ်စာချု ပ်ကို ဆွဲလှန်ခြင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++