တိုက်ပွဲကြောင့် ကချင်စစ်ရှောင် ဒုက္ခသည် တိုးများလာ
ကျေးရွာအုပ်စု နားလုံနဲ့ လဂါတ်ဒေါ့ကျေး ရွာတွေ တစ်ဝိုက်မှာ အစိုးရတပ်မ ၈၈ လက်အောက်ခံ တပ်တွေနဲ့ ဒေသခံ KIA တပ်မဟာ ၃ လက်အောက် ခံ တပ်ရင်း ၂၇ တို့အကြား တိုက်ပွဲတွေဆက်လက်
ဖြစ်ပွားနေတာကြောင့် တိမ်းရှောင်နေရသူ ဦးရေ များလာနေကြောင်း သိရပါတယ်။
ဧပြီ ၁၂ရက်အထိ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူမှာ စုစုပေါင်း ၃၀၀၀ ၀န်းကျင်ခန့် တိုးလာပြီး မန်ဝိုင်းကြီးကျေးရွာအုပ်စု
မန်ဝိုင်းကြီးကယ်ဆယ်ရေးစခန်း အသီးသီးသို့ ပြောင်း ရွှေ့ နေထိုင်နေကြတဲ့ စစ်ဘေး ဒုက္ခသည်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင်တွေက
ဆန်နဲ့ အခြေခံစားကုန်တွေကို သွားရောက် ကူညီ လှူဒါန်းပေးခဲ့ကြောင်း၊ တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ ကြတဲ့ ဒုက္ခသည်တွေကတော့ တရုတ် အာဏာပိုင်များ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေကြကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မန်စီမြို့နယ်ရှိ မှော်ဆွေရွာနှင့် ကော့ဂူရံရွာ စာသင်ကျောင်းတွင် ဦးရေ ၅၀၀ ကျော် ပိတ်မိနေပြီး ဘာသာရေး ခေါင်းဆောင်များက ကယ်ထုတ်နိုင်ရန် တပ်မတော်နှင့် ညှိနှိုင်းမှုများပြုလုပ်နေသည် ဟု ဂရုဏာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေး တာဝန်ခံ ဖာသာများက ဆိုသည်။
“အခု ဧပြီ ၁၂ ရက် မနက်မှာတင် ဒုက္ခသည် ၁၃၀၀ကျော် ထပ်ရောက်လာတယ်၊ လောလောဆယ်တော့ လာကူတာ ဘယ်သူမှ မရှိသေးဘူး၊ ရှိတဲ့စားနပ်ရိက္ခာကို ခွဲတမ်းချပြီး ဝေထားတယ်၊ အကြောက်မလွန်အောင် ထိန်းထားရတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း အစည်းအဝေး လုပ်နေတယ်တော့ ကြားတယ်၊ တိုက်ပွဲကလည်း စခန်းနဲ့နီးလာတယ်၊ ဒီနေရာကနေ ဒီလူအုပ်နဲ့ ထပ်ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု ဆိုသည်။
ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုမှု၊ တိုက်ပွဲအခြေအနေအလျှောက် ဒုက္ခသည်များ တိုးပွား လာမှုကြောင့် UN အဖွဲ့အစည်းများမှ ဧပြီလ ၁၀ ရက်က မြစ်ကြီးနားမြို့တွင် အစည်းအဝေးထိုင်ကာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် ရုံးထိုင်ကာ ကူညီမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မန်စီမြို့နယ်ရှိ မှော်ဆွေရွာနှင့် ကော့ဂူရံရွာ စာသင်ကျောင်းတွင် ဦးရေ ၅၀၀ ကျော် ပိတ်မိနေပြီး ဘာသာရေး ခေါင်းဆောင်များက ကယ်ထုတ်နိုင်ရန် တပ်မတော်နှင့် ညှိနှိုင်းမှုများပြုလုပ်နေသည
“အခု ဧပြီ ၁၂ ရက် မနက်မှာတင် ဒုက္ခသည် ၁၃၀၀ကျော် ထပ်ရောက်လာတယ်၊ လောလောဆယ်တော့ လာကူတာ ဘယ်သူမှ မရှိသေးဘူး၊ ရှိတဲ့စားနပ်ရိက္ခာကို ခွဲတမ်းချပြီး ဝေထားတယ်၊ အကြောက်မလွန်အောင် ထိန်းထားရတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း အစည်းအဝေး လုပ်နေတယ်တော့ ကြားတယ်၊ တိုက်ပွဲကလည်း စခန်းနဲ့နီးလာတယ်၊ ဒီနေရာကနေ ဒီလူအုပ်နဲ့ ထပ်ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု ဆိုသည်။
ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုမှု၊ တိုက်ပွဲအခြေအနေအလျှောက် ဒုက္ခသည်များ တိုးပွား လာမှုကြောင့် UN အဖွဲ့အစည်းများမှ ဧပြီလ ၁၀ ရက်က မြစ်ကြီးနားမြို့တွင် အစည်းအဝေးထိုင်ကာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် ရုံးထိုင်ကာ ကူညီမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
0 မှတ်ချက်များ for "တိုက်ပွဲကြောင့် ကချင်စစ်ရှောင် ဒုက္ခသည် တိုးများလာ"