လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ မိုးဗြဲတောင်သူ ဦးဆောင်သူတွေကို ခေါ်ယူသတိပေးခံရ
လယ်ယာမြေပြန်လည်ရရှိရေးအတွက် မတ်လ (၂၈)ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲ
တောင်သူများ ဦးဆောင်ခဲ့တဲ့သူတွေကို မိုးဗြဲ အာဏာပိုင်တွေက ခေါ်ယူ သတိပေး ခဲ့ကြောင်း သိရသည်။
တောင်သူများ ဦးဆောင်ခဲ့တဲ့သူတွေကို မိုးဗြဲ အာဏာပိုင်တွေက ခေါ်ယူ သတိပေး ခဲ့ကြောင်း သိရသည်။
တရားဥပဒေနဲ့မညီပဲ
စီတန်းလှည့်လည်မှု မလုပ်ဖို့၊ ခွင့်ပြုချက် မရဘဲ နောက်နှောင်ဒါမျိုးမလုပ်ဖို့ဆိုပြီး ၀န်ခံကတိလက်မှတ်ထိုးခိုင်းတာပေါ့။ တရားဝင် ဆန္ဒပြခွင့်ပြုချက်အတွက် သိမ်းဆည်းလယ်ယာမြေကိစ္စ လူ ၁၀၀၀ ကျော် ဆန္ဒဖော်ထုတ်ဖို့ ဥပဒေနဲ့ ကိုက်ညီအောင် မတ်လ (၂၀) ရက်မှာ သက်ဆိုင်ရာဌာန ကို တောင်းခဲ့ပါတယ်။ မတ်လ (၂၅)မှာ ပယ်ချ ခံခဲ့ရပါတယ်။ ကျနော်တို့တောင်သူအရေးကို အလေး မထားပေးခဲ့အတွက် ဒေသခံအားလုံး သဘောတူ ညီမှုနဲ့ မတ်လ (၂၈) ရက်တွင် ဆန္ဒဖော်ထုတ်မှု ဆက်လက် လုပ်ဆောင်သွားရတာပေါ့။
နောက်နောင် ဒါမျိုးမလုပ်ဖို့ ကတိဝန်ခံချက် လက်မှတ်ထိုးခိုင်းတာ မထိုးနိုင်ဘူး လို့
ငြင်းပယ်ခဲ့ကြောင်း၊ တည်ဆဲရေး ဥပဒေအရ ဆက်လက် အရေးယူသွားမယ်ဖို့ အာဏာပိုင် က ပြောကြောင်း ကိုအောင်မျိုးခန့်က ပြောသည်။
ဒေသခံတောင်သူတွေကလည်း ယာမြေပြန်လည် ရရှိတဲ့အထိ ဆက်လက် ဆန္ဒဖေါ်ထုတ်သွား မယ်လို့ သိရပါတယ်။
မိုးဗြဲဒေသခံ ဘိုးဘွားပိုင် လယ်ယာမြေ ဧက(၁၅၀၀)ကို ခ.မ.ရ
(၄၂၂) တပ်ရင်းက ၁၉၉၂ ခုနှစ်ကတည်းက သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ မိုးဗြဲပြည်သူ့စစ်၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ကျေးရွာ
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီအဖွဲ့ စသည့် ဌါနဆိုင်ရာ အသီးသီးတို့ကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီအဖွဲ့ စသည့် ဌါနဆိုင်ရာ အသီးသီးတို့ကို ခွဲဝေပေးခဲ့ကြောင်း သိရသည်။


0 မှတ်ချက်များ for "လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့တဲ့ မိုးဗြဲတောင်သူ ဦးဆောင်သူတွေကို ခေါ်ယူသတိပေးခံရ"