ဆီးအောင့်ခြင်း
တရားခံ အစစ်က ဗက်တီးရီးယား၊ နာမည်တပ်
ပြောရရင် E. coli ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ
ပြတယ်။ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။
ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။
အငိုတိတ်အောင် လုပ်ရတာ ရောဂါကြောင့် ဆိုရင်တော့ သိပ်မခက်ပါ။
• အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။
• ခင်ပွန်းနဲ့ မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးတိုင်း ဆီးသွားပေးပါ။
• ရေ-အရည် အများကြီးသောက်ပါ။
• Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။
• အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ် များစေလို့ လျှော့ရ-ရှောင်ရမယ်။
• Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေက အသုံးများတာတွေမို့ ဝယ်လို့ လွယ်ပါတယ်။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• အစာအိမ် လေနာအတွက် ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊
• Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း ကိုလဲ ဖတ်ပါ။
ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။
Credit: New Hong Kong - Hospital in Yangon

0 မှတ်ချက်များ for "ဆီးအောင့်ခြင်း"