မိုင်းပန်မြို့နယ်မှာ ရှမ်းနှင့် ၀ မှားယွင်း ပစ်ခတ်မှု ဖြစ်ပွား
ရှမ်းပြည်နယ်တာင်ပိုင်း မိုင်းပန်မြို့နယ်မှာ ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော် UWSA ဝ တပ်ဖွဲ့နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တပ်ဖွဲ့ကြား မှားယွင်းပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂ ရက်နေ့က မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် UWSA တပ်ဖွဲ့ကို ၀တပ်ဖွဲ့မှန်း မသိလို့ မှားယွင်းပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း၊ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း RCSS/ SSAဘက်က သိမ်းဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံ ပီစိုင်းက ပြောသည်။
အဲဒီ မှားယွင်းမှုကိစ္စနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို သတင်းပေးပို့အကြောင်းကြား RCSS/ SSA ကစဝ်စိုင်းလူးက ဆက်လက်ပြောကြားသည်။

ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာ ထိပ်တိုက် တိုက်ပွဲ ဖြစ်ခဲ့တာလို့ RCSS/SSA အရာရှိ တဦးကပြောသည်။
မြန်မာအစိုးရတပ် နှင့် ၀ ပြည်သွေးစည်းတပ်မတော် တို့ ပူးပေါင်းပြီး RCSS/SSA တပ်စခန်းကို ဖေဖေါ် ဝါရီလ နှောင်းပိုင်းကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု အတည်ပြုချက် မရသေးသည့် ဒေသခံ က ပြောသည်။
ယမန်နှစ်က နယ်မြေကျူးကျော်မှုဆိုပြီး UWSA တပ်ဖွဲ့က RCSS/SSA တပ်သား ၃၀ ခန့်ကို ဖမ်းဆီး ခဲ့ဖူးသည်။

0 မှတ်ချက်များ for "မိုင်းပန်မြို့နယ်မှာ ရှမ်းနှင့် ၀ မှားယွင်း ပစ်ခတ်မှု ဖြစ်ပွား"