အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲကို မဲပေးကြဖို့ သမ္မတ ဟာမစ်ကာဇိုင်းက တိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံမှာ လာမဲ့ ဧပြီ ၅ ရက်နေ့ကျရင် ကျင်းပဖို့ ရှိတဲ့ သမ္မတ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ သမ္မတ ဟာမစ်ကာဇိုင်းက တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ သမ္မတ က မဲပေးတာဟာ တိုင်းပြည်ရဲ့ ရန်သူတွေကို လက်တုံ့ပြန်တဲ့ နည်းလမ်းတခု ဖြစ်ပြီး ပြည်သူတွေ အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လည်း ပူးပေါင်းဆောင် ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

မဲပေးတဲ့ပြည်သူတွေရဲ့ အင်အားများလေလေ၊ ပြည်သူတွေ အပေါ် အကြမ်းဖက်ပြီး တိုင်းပြည်ကို ဖျက်ဆီးတဲ့ လူတွေကို လက်တုံ့ပြန်တာ ပိုပြီး ထိရောက်လေလေ ပဲလို့
ပြောပါတယ်။

သမ္မတ ကာဇိုင်းဟာ အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့ ၁၂ နှစ်က တာလီဘန်အစိုးရကို ဖြုတ်ချပြီးကတည်းက တိုင်းပြည်ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

သမ္မတသက်တမ်း ၂ ဆက် တာဝန်ထမ်းခဲ့တဲ့ သမ္မတဟာ ဖွဲ့စည်းပုံအကန့်အသတ်ကြောင့် တတိယသမ္မတ သက်တမ်းကို ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့ အစိုးရ အချင်းချင်း ပထမဆုံးအနေနဲ့ အာဏာလွှဲပြောင်း
ပေးမှုကို ဦးတည်သွားပါလိမ့်မယ်။

တာလီဘန်အစိုးရခေတ်အလွန် ၁၃ နှစ်တာ ကာလအတွင်း အာဖဂန်နစ္စတန်မှာ ဆူပူသောင်းကျန်းမှုတွေကို ထိန်းသိမ်းနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်သား ၃ သောင်းခွဲနီးပါး ကျဆုံးခဲ့ပြီး အာဖဂန်တပ်သား
ထောင်ပေါင်းများစွာလည်း အသက်စတေးခဲ့ရပါတယ်။

ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေဆဲဖြစ်သလို၊ အစ္စလာမ်မ္မစ် အုပ်ချုပ်ရေးစနစ်ကို ပြန် လည်အသက်သွင်းချင်တဲ့ တာလီဘန်တွေဟာ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲကို မဲပေးကြဖို့ သမ္မတ ဟာမစ်ကာဇိုင်းက တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++