ထိုခြေထောက်တွေ ကြားစေ

ထိုခြေထောက်တွေ ကြားစေ
____________________

သံဃာတော်ကို ဖနောင့်နဲ့နင်းပြီး
ထောင်ကျဉ်းထဲ သင်္ချိုင်းသို့ ကန်ပို့တဲ့ခြေထောက်။

စစ်ဖိနပ်ကြီး ရှပ်တိုက်စီးလို့
လွတ်တော်ထဲ တက်နင်းတဲ့ ခြေထောက်။

သမီးပျိုတွေကို မုဒိန်းပြီး ပြည်သူထမင်းအိုးကွဲအောင် 
စစ်ဖိနပ်နဲ့ ဆောင့်ကန်တဲ့ ခြေထောက်

ငြိမ်းချမ်းရေးခရီးကို မလှမ်းချင်သနဲ့
ကချင်မြေသို့ စစ်ချီလာတဲ့ခြေထောက်။

ကိုယ့်ပုဆိုး ကိုယ်ပြန်နင်းပြီး
ကိုယ့်အမျိုး ကိုယ်ပြန်ညှဉ်းလို့်
ကိုယ့်ဂိုး ကိုယ်ပြန်သွင်းတဲ့ခြေထောက်။

လမ်းစဉ်အမှား သွားနေလို့
မိုင်းနင်းမိတဲ့ခြေထောက်။

နွေကြောက် မြွေကြောက် သနဲ့
ဗွေဖေါက်တဲ့ ခြေအစုံကို
မြေဝသုန်ရေ
ဆန်ကုန်မြေလေးဆိုတဲ့ စကား
ထိုခြေထောက်တွေ ကြားစေသား။

0 မှတ်ချက်များ for "ထိုခြေထောက်တွေ ကြားစေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++