အစိုးရနှင့်အပစ်ခတ် ရပ်ထားသော ရှမ်းနဲ့ဝ တပ်ဖွဲ့ အချင်းချင်းတိုက်ပွဲ ဆက်ဖြစ်
ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်အနောက်ခြမ်းမှာ ရွှေကျင်လုပ်ငန်းကို လုံခြုံရေး ယူပေးရန် သွား သည့် UWSA အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံတပ်ဖွဲ နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီး RCSS/SSA ရှမ်းတပ်ဖွဲ့ကြားတိုက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း သိရသည်။
အဖွဲ့ရဲ့ ရွှေကျင်လုပ်ငန်းကို လုံခြုံရေးယူဖို့သွားတာပါ၊ သံလွင်အနောက်
ဘက်ခြမ်း မြစ်ကမ်းပေါ်မှာဘဲ။ တပ် စခန်းကြီး တည်ဆောက်တာလည်းမရှိပါဘူး၊ RCSS
ဘက်က အရင်လာတိုက်လို့ ကျနော်တို့ လည်း ပြန်ချ ရတာပေါ့ ဟု ရွှေကျင်လုပ်ငန်း လုံခြုံရေး UWSA အရာရှိတဦးက ပြောသည်။
ဒီဧပြီလ ၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုကနေ ဧပြီ ၆ ရက်နေ့မှာ အပြိုင်အဆိုင် တပ်အင်အား ဖြည့်ဆည်းမှု လုပ်လာပြီး တိုက်ပွဲများ ပြင်းထန်နေလာတာဖြစ်ပါသည်။
သူတို့က သံလွင်အရှေ့ ခြမ်းမှာဘဲ လှုပ်ရှားတာလေ။ အခုသံလွင်အနောက်ခြမ်းအထိလာပြီး ရွှေကျင်တယ်။ သစ်တွေခုတ်တယ်။ ပြဿနာမကြီးရအောင် အစိုးရဘက်ကိုကော၊ UWSA ဘက်ကိုရော အကြောင်းကြား ထားတယ်။ လတ်တလောအခြေအနေကတော့ တပ်အင်အားအပြိုင်ဖြည့်နေတယ်” RCSS ခေါင်းဆောင် တဦးက ပြောသည်။
ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တဲ့နေရာဒေသသို့ မိုင်းကျွတ်ဘက်က ဝ စစ်ကား ၁၀ စီး ထက်မနည်း လူသူ လက်နက်များ ထပ်မံပို့ဆောင်သည်ဟု ဆက်ပြောသည်။
အစိုးရနှင့် အပစ်ရပ်စဲရေး ယူထားသော UWSA ၀တပ်ဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်း ဆန်ခဲ့သလို ရှမ်းတောင်းပိုင်းရှိ တပ်စခန်းများ ပြန်ရုပ်ဖို့အစိုးရရဲ့ ဖိအားမှုကိုလည်း ငြင်းဆန်းခဲ့တဲ့ တပ်ဖွဲ့ဖြစ် ပါတယ်။
မြန်မာအစိုးရထံ လက်နက်ချ တဲ့ MTA ကနေ ခွဲထွက်ပြီး ဒုဗိုလ်မှူးကြီး ယွက်စစ် ဦးဆောင်သည့် စစ်ကြောင်း က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းတပ်မတော် SSA (တောင်) အမည်ဖြင့် ထိုင်း နယ်စပ် လွယ်တိုင်းလျဲန်း၌ အခြေချနေထိုင်ပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ အဖွဲ့ လည်းဖြစ်သည်။
UWSA ဝ တပ်ဖွဲ့ နှင့် RCSS/SSA ရှမ်းတပ်မတော်(တောင်)တပ်ဖွဲ့နှစ်ဖွဲ့လုံးက ဦးသိန်းစိန်အစိုးရ နှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။
0 မှတ်ချက်များ for "အစိုးရနှင့်အပစ်ခတ် ရပ်ထားသော ရှမ်းနဲ့ဝ တပ်ဖွဲ့ အချင်းချင်းတိုက်ပွဲ ဆက်ဖြစ်"