အယ်ဂျီးရီးယား သမ္မတရွေးကောက်ပွဲမှာ ဆန့်ကျင်သူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်ပွား

အာဖရိကမြောက်ပိုင်းက အယ်ဂျီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ အတိုက် အခံတွေရဲ့ဒေသတွေ ဖြစ်တဲ့ ဘွီဟာဒေသမှာ
ရွေးကောက်ပွဲဆန့်ကျင်သူတွေနဲ့ ရဲတွေ ဧပြီ ၁၇ ရက်နေ့ က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတက ဆက်လက်အာဏာရယူမှာကို ဆန့်ကျင် ကန့်ကွက်နေ ကြပြီး တိုင်းပြည်မှာ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ
ပြုလုပ်ဖို့ အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေက တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတကသာ အနိုင်ရမှာ ဖြစ်ပြီး နောက်မျိုးဆက်သစ် လူငယ်တွေကို နေရာပေးဖို့ အချိန်တန်ပြီလို့ အတိုက်အခံခေါင်းဆောင်တွေက ပြောဆိုပါတယ်။

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေနဲ့ နိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည် ချွတ်ခြုံကျစေ ခဲ့တဲ့ စီးပွားရေးပိတ်ပင်မှုတွေကို ဖယ်ရှားပြီး စီးပွားရေးတံခါးဖွင့်ဖို့လည်း အတိုက်အခံတွေက တောင်းဆို ကြပါတယ်။

ဆန္ဒပြသူတဦး ပြောဆိုခဲ့တာမှာတော့ အယ်ဂျီးရီးယားလူထုတွေဟာ အဖြေ ထွက်နေပြီးသား ဖြစ်နေတဲ့ ဒီရွေးကောက်ပွဲကို ပုံစံမျိုးစုံတွေနဲ့ ဆန့်ကျင် ကန့်ကွက်ကြမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အတိုက်အခံတွေရဲ့မြို့တမြို့ဖြစ်တဲ့ မြို့မှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး မဲပုံးတွေကို ဆန္ဒပြ သူတွေက မီးပုံရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတဟာ ပြီးခဲ့တဲ့နှစ်က နှလုံးရပ်ပြီးနောက်ပိုင်း လူထုရှေ့ကို မထွက်၊ မဲဆွယ် စည်းရုံးမှုတွေလည်း မလုပ်နိုင် ခဲ့ပေမယ့် နိုင်ငံအုပ်ချုပ်ရေး လုပ်ဆောင်နိုင်တယ်လို့ သမ္မတနဲ့ နီးစပ်သူတွေက ဆိုကြပြီး ရွေးကောက်ပွဲ ရလဒ်တွေကို ဧပြီ ၁၈ ရက် ဒီနေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "အယ်ဂျီးရီးယား သမ္မတရွေးကောက်ပွဲမှာ ဆန့်ကျင်သူတွေနဲ့ ရဲတွေကြား ပဋိပက္ခဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++