ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်နေ တဲ့ ပြသနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရကို တောင်းဆို
လူသားတွေဟာ ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေ ရကြောင်း အထောက်အထားတွေ အများကြီးတွေ့ ရတယ်လို့ ကမ္ဘာ့ရာသီဥတု ပြောင်း လဲ မှုနဲ့ ပတ် သက်ပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စကို အရေးတကြီး သဘောထား၊ မကိုင်တွယ် ဘူးဆိုရင် ပိုမို ဆိုးရွားလာဖို့ရှိတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။
ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြဿသနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ IPPC ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့က ဒီ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေကြီးမှုတွေ၊ အစာရေစာ ပြတ်လပ်မှုတွေနဲ့၊ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ အန္တာရာယ်တွေ ပိုမို မြင့်မားလာတယ်လို့ အစီအရင်ခံစာက ဆိုပါတယ်။
ဒါပေမယ့် လူသားတွေ အနေနဲ့ အပြောင်းအလဲ အများစုကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိကြတယ်လို့ အစီရင်ခံစာထဲ ထည့်သွင်း ရေးသားထားပါတယ်။
တကယ်လို့ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှုကို လျင်လျင်မြန်မြန်သာ လျှော့ချနိုင်မယ်ဆိုရင် အဆိုးဆုံး အခြေ အနေ ရောက်မလာနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒီ အစီအရင်ခံစာကို ပါဝင် ရေးသားသူ တစ်ဦးကတော့ အစီအရင်ခံစာ နောက်ဆုံးမူကြမ်းဟာ လူတွေ ကြုံနေရ ပြီးနှင့်တဲ့ ပြဿသနာတွေကို ရေးထားတာမို့ တင်ကြိုသတိပေးရာ မရောက်ဘူးလို့ ပြောခဲ့ပါတယ်။
အချို့ကတော့ ဒီ အစီရင်ခံစာဟာ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှု လျှော့ချရေးအတွက် နိုင်ငံတကာ အစိုးရတွေ အကြား ဘုံသဘောတူမှုတစ်ခု ရရှိလာအောင် အဓိက တွန်းအားပေးနိုင်တဲ့ အရာအဖြစ်လည်း ရှုမြင်နေကြပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်နေ တဲ့ ပြသနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရကို တောင်းဆို"