မတ်စောက်တဲ့ နံရံတွေကို SPIDERMAN လို တွယ်တက်နိုင်မယ့် ကိရိယာ

အမေရိက တက္ကသိုလ်တွေရဲ့ အစွမ်းအစ အရည် အချင်းကို စမ်းသပ်ဖို့ အတွက် အမေရိကန်လေတပ် က နည်းပညာမြင့် စက်ပစ္စည်းအသစ်အဆန်းတစ်ခု ပုံစံထုတ်ရေးဆွဲစေခဲ့ရာမှာ ယူတား တက္ကသိုလ်
ကျောင်းသားတွေဟာ ဒီ Gadget ကို ဖန်တီးခဲ့တာပါ။

တက္ကသိုလ်ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှု အရည်အချင်းကို ဆန်းစစ်တဲ့ ဒီစိန်ခေါ်မှုမှာ ကျောင်း သားတွေ ဟာ အထူးတပ်ဖွဲ့ ဝင်တွေ အဆောက်အအုံတွေနဲ့ တောင်နံရံတွေကို ချိတ်တွေ၊ကြိုးတွေ မသုံးဘဲ တက်ရောက်နိုင်ဖို့ အတွက် နည်းစနစ်တစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။

ယူတားတက္ကသိုလ်ကျောင်းသားတွေဟာ PVAC လို့ ခေါ်တဲ့ စုပ်ခွက်တွေအဓိကအသုံးပြုထားတဲ့ ကိရိယာ တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီကိရိယာဟာ ၉၀ ဒီဂရီမတ်စောက်တဲ့ နံရံတွေကို Marvel ရုပ်ပြထဲက ဇာတ်ကောင်တွေလို တွယ်တက်နိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီအားနဲ့ အသုံးပြုရပြီး အလေးချိန်ပေါ့ပါးတဲ့ ဒီကိရိယာရဲ့ မျက်နှာပြင်နှစ်ဖက်မှာ လေစုပ်ခွက်တွေ တပ်ဆင်ထားပါတယ်။ စတုရန်းတစ်လက်မ ကို ၄.၅ ပေါင်ရှိတဲ့ စုပ်အားနဲ့ ထိန်းထားပြီး နံရံတွေကို တွယ် တက်နိုင် တာပါ။

ဒီ ကိရိယာကို တီထွင်ခဲ့တဲ့ ယုတားအင်ဂျင်နီယာကျောင်းသားအဖွဲ့ ဟာ အမေရိကန်လေတပ် သုတေသန ဓာတ်ခွဲခန်းရဲ့ ပုံစံထုတ်ပြိုင်ပွဲ မှာ ပထမဆုဆွတ်ခူးခဲ့ပြီး အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိခဲ့ပါတယ်။

ဒီ ကိရိယာကို နမူနာအကြမ်းထည်ကနေ အထူးစစ်ဆင်ရေးတပ်သားတွေရဲ့ ကိရိယာတစ်စိတ်တစ်ပိုင်း အနေနဲ့  ပြောင်းလဲပေးနိုင်မယ်ဆိုရင် နောက်ထပ် အပိုဆုကြေး ဒေါ်လာ တစ်သိန်းထပ်မံရရှိအုန်းမယ် လို့ ဆိုပါတယ်။___Ref: mirror

0 မှတ်ချက်များ for "မတ်စောက်တဲ့ နံရံတွေကို SPIDERMAN လို တွယ်တက်နိုင်မယ့် ကိရိယာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++