နအဖညောင်နှစ်ပင် ညီလာခံတက်ဖို့ - ငြင်းဆန်ခဲ့တဲ့ ရှမ်းခေါင်းဆောင် ကွယ်လွန်

SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့် စိုင်းတင်ဝင်း - သျှမ်းသံတော်ဆင့်
လွိုင်လင်ခရိုင် နမ့်ဇန်မြို့နယ် SNLD ဥက္ကဌ ၁၉၉၀
ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းတင်ဝင်း အသက် (၆၉)နှစ် သည် မတ်လ ၁၃ ရက်နေ့က နမ့်ဇန်မြို့ အမှတ် ၄ ရပ်ကွက် နေအိမ်၌ ကွယ်လွန် ခဲ့သည်။

ဆရာ စိုင်းတင်ဝင်း ဆုံးသွားတယ်လို့ ကြားရတာ စိတ်မကောင်းဘူး။ သူက တော်တော် အားကိုးရ တယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ တဲ့ ပြည်သူ့လွှတ်တော် အမတ်ပေါ့။ နောက်ပြီး အမျိုးသားညီလာခံလဲ တက်ခဲ့တယ်။ တော်သေး တယ် ကျနော်တို့နဲ့ အဖမ်းခံရတဲ့ အထဲမှာ ပါမသွား ဘူး။ သူလဲ ညောင်နှစ်ပင် ညီလာခံကို တက်ဖို့ ငြင်းဆန်တဲ့ သူလေ” ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က “ ပြောသည်။


စိုင်းတင်ဝင်းသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်းရောဂါများခံစားရကြောင်း၊ ယခုလဆန်း ပိုင်းက ရန်ကုန်မြို့ လမ်း ၃၀ ဦးခင်မောင်ဝင်း အထူးကု ဆေးခန်းသို့ သွားရောက်ဆေးကုသမှု ခံယူခဲ့သေးကြောင်း၊ ရန်ကုန်မှ နေအိမ် သို့ ပြန်ရောက်ပြီး တရက် မတ်လ ၁၃ ရက် နံနက်ပိုင်း၌ ကွယ်လွန်သွားပြီး ၁၅ ရက် မွန်းလွဲ ၁ နာရီ တွင် နမ့်ဇန် သုဿန်၌ သဂြိုလ်မည်ဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။

ဦးမြကြည်၊ နန်းစံတို့၏သား စိုင်းတင်ဝင်းသည် ၁၉၄၅ ခုနှစ် လွိုင်လင်မြို့တွင် မွေးဖွားခဲ့သည်။ လွိုင်လင် အထက၌ အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၆၅ ခုနှစ် နန်းစိုးမေ နှင့် အိမ်ထောင်ကျပြီး နမ့်ဇန်မြို့သို့ အပြီးပြောင်းရွှေ့နေထိုင်သည်။ ကျောင်းသားဘ၀မှစ၍ ကင်းထောက်အဖွဲ့အဖြစ်တာ ဝန်ထမ်းဆောင်သည်။ ၁၉၇၃ မှ ၁၉၈၁ အထိ ပါတီကောင်စီဝင်၊ ၁၉၉၀ ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ နမ့်ဇန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါသည်။ သေဆုံးချိန်တွင် ဇနီး နန်းစိုးမေနှင့်အတူ သမီး ၂ ယောက်၊ သား ၄ ယောက်၊ မြေး ၁၂ ယောက် ကျန်ရစ်ခဲ့သည်။

0 မှတ်ချက်များ for "နအဖညောင်နှစ်ပင် ညီလာခံတက်ဖို့ - ငြင်းဆန်ခဲ့တဲ့ ရှမ်းခေါင်းဆောင် ကွယ်လွန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++