နော်ေ၀၀န်ကြီးချုပ်ဟောင်း ကို နေတိုးအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်

နော်ေ၀၀န်ကြီးချုပ်ဟောင်း ဂျဲန်စတိုတမ်ဘာ့ ကို နောက်တက် လာမယ့် နေတိုးအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် နေတိုး သံတမန်တွေက ရွေးချယ်ခဲ့တယ်လို့ နေတိုးအဖွဲ့က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ 

လက်ရှိနေတိုး အထွေထွေအတွင်းရေးမှူးချုပ် ရဲ့နေရာကို အောက်တိုဘာလ ၁ ရက်နေ့မှာ လွှဲပြောင်းရယူ မှာဖြစ်ပါတယ်။ ဂျဲန်စတိုတမ်ဘာ့ က နေတိုးအဖွဲ့မှာ ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှု လိုအပ်တယ် ဆိုတာကို ယူကရိန်းအရေးက သက်သေပြခဲ့ပါတယ်။

ဂျဲန်စတိုတမ်ဘာ့ဟာ နေတိုးအဖွဲ့ကြီးရဲ့ ခိုင်မာတောင့်တင်းမှုနဲ့ အောင်မြင်မှုတွေကို ဆက်လက် တည်ဆောက် သွားမယ့် စစ်မှန်တဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်လို့ ဂုဏ်ပြုပြောဆို ခဲ့ပါတယ်။ 

အသက် ၅၅ နှစ်ရှိပြီးဖြစ်တဲ့ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရွေးကောက်ပွဲ မရှုံးနိမ့်ခင်အထိ နော်ဝေ ၀န်ကြီးချုပ်အဖြစ် ၁၀ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၈ ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းမှုအတွင်း နော်ဝေနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မှုမရှိအောင် ဦးဆောင်နိုင် ခဲ့သူအဖြစ် ထူးချွန်သူခေါင်းဆောင်အဖြစ် အများက ယူဆကြပါတယ်။ 

ယူကရိန်းပိုင် ခရိုင်မီယာကို ရုရှားက သိမ်းပိုက်ခဲ့တာဟာ ဒီနှစ်ကုန်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတော့မယ့် နေတိုးအဖွဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့လုံခြုံရေးကို ပြန်အာရုံစိုက်ဖို့ အချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် နေတိုးအဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်ကို အမေရိကန်ဗိုလ်ချုပ်တွေက တာဝန်ယူတာဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်ရာထူးကို ဥရောပခေါင်းဆောင်တွေက ရယူကြတာဖြစ်ပါတယ်။

0 မှတ်ချက်များ for " နော်ေ၀၀န်ကြီးချုပ်ဟောင်း ကို နေတိုးအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++