လစ်ဗျားဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံရ
![]() |
ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ် အလီဇေဒန်း |
လစ်ဗျားမှာ ရာထူးက ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ် အလီဇေဒန်းကို ငွေကြေးဆိုင်ရာ မသမာမှုတွေ စုံစမ်း စစ်ဆေးနေချိန်မှာ အစိုးရ ရှေ့နေတွေက ပြည်ပခရီး သွားလာခွင့် ပိတ်ထားလိုက်ပါတယ်။
သူပုန်တွေ ထိန်းချုပ်ရာ Al-Sidra ဆိပ်ကမ်းက မြောက် ကိုရီးယားအလံလွှင့် ဆီတင်သင်္ဘာတစင်း ၊ လစ်ဗျား
ရေတပ်က စောင့်ကြည့်ပိတ်ဆို့ထားတဲ့ ကြားက နိုင်ငံ တကာ ရေပြင်ပိုင်နက်ထဲ လွတ်မြောက်သွားခဲ့ပြီး တဲ့နောက် ပါလီမန်မှာ ဝန်ကြီးချုပ် အလီဇေဒန်းကို အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ကာ ရာထူးက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ကဒါဖီ ပြုတ်ကျသွားပြီးနောက်ပိုင်း တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတဲ့ အစိုးရအတွက် ဒီ ဆီတင် သဘောလွတ်မြောက်သွားမှုဟာ ရှက်စရာတရပ်ဘဲလို့ သတင်းထောက်တွေက ပြောပါတယ်။
အခုတော့ လစ်ဗျားမှာ ကာကွယ်ရေး ဝန်ကြီး Abdullah al-Thinni ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ် ထားပါတယ်။

0 မှတ်ချက်များ for "လစ်ဗျားဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံရ"