ထိုင်း-မြန်မာ ၂နိုင်ငံသားများ ဗီဇာမလိုပဲ သွားနိုင်တော့မည်
ထိုင်း-မြန်မာနှစ်နိုင်ငံသားများ ဗီဇာမလိုပဲ
လေကြောင်းမှ ရက်တိုခရီး သွားလာခွင့်ကို ထိုင်းလွှတ်တော်မှ အတည်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းလွှတ်တော်မှ ထိုင်း-မြန်မာနှစ်နိုင်ငံသားများ
လေကြောင်းမှ ရက်တို ခရီးအလည်အပတ်သွားလာ ကြရာ ၀ယ် ရက်သတ္တနှစ်ပတ်(၁၄ ရက်)အထိကို ဗီဇာမလိုပဲသွားလာခွင့်ပေးရန် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ တင်သွင်းသောအဆိုကို လွှတ်တော်မှ အတည်ပြု လိုက်ခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါခွင့်ပြုချက်သည် နှစ်နိုင်ငံဝန်ကြီး ဌာနများသဘော တူညီချက် လက်မှတ်ရေးထိုးပြီး မှသာလျှင် အသက်ဝင်မည်ဖြစ်ပြီး ထိုသို့လက်မှတ်ရေး ထိုးမည့်နေ့ကိုမူ အတိအကျမသတ်မှတ် ရသေးကြောင်းသိရသည်။
ဗီဇာမလိုပဲ နှစ်နိုင်ငံ ရက်တိုခရီးအလည်အပတ်သွားလာခွင့်သည် ထိုင်းနုင်ငံသို့ သတ်မှတ် ထားသော လေ ဆိပ် ၂၃ ခုမှ လေကြောင်း ခရီးဖြင့်ဝင်ရောက်သူများအတွက်သာ လျှင် အကြုံးဝင်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူ မစ္စတာ တီးရတ် ရတနဆေဗီကပြောသည်။
ယင်းလေဆိပ်များမှာ၊ သုဝဏ္တဘုမိ၊ ဒွန်မောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟတ်ရိုင်၊ ဖူးကက်၊ နန်၊ ဖစ်ဆနုလွတ်၊ မဲဆောက်၊ ခွန်ကန်း၊ နခွန် ရတ်ချဆီမ၊ ဥဒွန်းသာနီ၊ ဥဘွန်ရတ်ချသာနီ၊ ကရာဘီ၊ ထရန်၊ နရသီဝပ်၊ ရနောင်း၊ ဆူရတ်သာနီ၊ ဟွာဟင်း၊ ဆမူအီ၊ ဆူခိုထိုင်းနှင် ဥတာပေါင်း လေဆိပ် တို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကုန်းလမ်းခရီးနှင့် ရေလမ်းခရီးမှ ၀င်ရောက်လာသည့် ခရီးသွား များအတွက် အကြုံး မ၀င်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြော ကြားသည်။
ဗီဇာမလိုပဲခရီးသွားလာခွင့်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများမှ ရက် ၆၀ ကြိုတင်သတိပေး ချက်ဖြင့် ပယ်ဖျက်နိုင်သလို၊ ကျန်းမာရေးနှင့် လုံခြုံရေး ဆိုင်ရာ အကြောင်းပြ ချက်များ အရလည်း ၁၅ ရက်ကြိုတင် သတိပေးခြင်းဖြင့် ပယ်ဖျက်နိုင်ကြောင်းသိရသည်။

0 မှတ်ချက်များ for "ထိုင်း-မြန်မာ ၂နိုင်ငံသားများ ဗီဇာမလိုပဲ သွားနိုင်တော့မည်"