သိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရေး မိုးဗြဲဒေသခံ လယ်သမား တထောင်ကျော် ဆန္ဒပြ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေး ရွာ ထောင်နဲ့ချီဒေသခံ တောင်သူတွေက သိမ်း ဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရေး အတွက် မတ်လ (၂၈)ရက်နေ့မှာ ဆန္ဒပြနေကြပါတယ်။

မိုးဗြဲမြို့ကနေ အသိမ်းဆည်းခံရတဲ့ မြေယာတွေ အထိ ချီတက်လမ်းလျောက်ဆန္ဒပြနေတာဖြစ် ပါတယ်။

ဒေသခံ တောင်သူတွေဟာ မတ်လ (၂၈) ရက်နေ့ မှာ သက်ဆိုင်ရာ အဏာပိုင်တွေကို ဆန္ဒပြ ဖို့ ခွင့်ပြုချက်တောင်းဆို ခဲ့ပေမယ့် ခွင့်ပြုမိန့်မရခဲ့သော် လည်း တောင်သူအားလုံးတို့ရဲ့သဘောတူညီချက်နှင့် စီစဉ်ထားတဲ့အတိုင်း ခွင့်ပြုချက်မရလည်း ဆက်လက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

လယ်ယာမြေတွေလည်း အများကြီး သိမ်းဆည်းခံနေရတဲ့အတွက် ကျနော်တို့ ဆန္ဒပြလှုပ်ရှားမှု အများကြီး လုပ်ခဲ့ပြီးပြီး။ ဒါပေမယ့် ဒီနေ့အထိ ဒီမှာအုပ်ချုပ်နေတဲ့လူတွေ လယ်ယာမြေသိမ်းဆည်း ခံရမှုနှင့် ပတ် သက်ပြီး ဖြေရှင်ပေးမှုမရှိဘဲ လျစ်လျူရှုထားနေတဲ့အတွက် အုပ်ချုပ်နေတဲ့သူတွေကို ကျနော်တို့ ရှုတ်ချ ပါတယ်။ ကယန်းမျိုးမျိုးဆက်သစ်လူငယ် ဥက္ကဌ ခွန်းဘီဒူး(ခ) ငြိမ်းလွီးစီ က ပြောပါတယ်။

ပြီးခဲ့လပိုင်းတုံးကလည်း ရာနှင့်ချီတဲ့ ဒေသခံတွေဟာ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။ အခုဟာ ဒုတိံယအကြိမ်ဆန္ဒထုတ်ဖေါ်နေတာဖြစ်ပါတယ်။ တောင်သူတွေဟာ လယ်ယာမြေပြန်ရဖို့ မြို့နယ်၊ ပြည်နယ်၊ သမ္မထံ တိုင်ကြားခဲ့ပေမယ့် ထူးခြားမှုမရှိဘူးလို့လည်း ပြောပါတယ်။

ကျနော်တို့ ဆန္ဒပြတောင်းဆိုတာ ဒီတကြိမ်ပါ ၂ ကြိမ်ရှိပါပြီ။ အစိုးရ ဖြေရှင်းပေးမှု မလုပ်ပေးဘူး ဆိုရင်
တောင်သူတွေက ဒီထက်ပြင်းထန်လာမည့်အခြေအနေဖြစ်လာနိုင်ပါတယ်လို့ ဆရာဌေးဝင်း က
ပြောပါတယ်။

မိုးဗြဲ မြို့နယ်အတွင်း မြေယာဧက ၁၅၀၀ ကို မိုးဗြဲအခြေစိုက် (၄၂၁) တပ်ရင်း(စစ်တပ်) ကနေ ၁၉၉၂ ခုနှစက စတင်အသိမ်းဆည်းခံရတာဖြစ်ဖြစ်ပါတယ်။ 

0 မှတ်ချက်များ for "သိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရေး မိုးဗြဲဒေသခံ လယ်သမား တထောင်ကျော် ဆန္ဒပြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++