ကိုရီးယား စစ်ပွဲတွင် ကျဆုံးခဲ့သော စစ်သား ၄၀ဝ ကျော် ရုပ်ကြွင်းတွေ တရုတ် ပြန်သယ်

ကိုရီးယား စစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ် စစ်သားတွေထဲက ၄၀ဝ ကျော်ရဲ့ ရုပ်ကြွင်းတွေ ကို တောင်ကိုရီးယား ကနေ တရုတ်ဆီကို ပြန်သယ် ယူခဲ့ပါတယ်။

တရုတ်အလံ ဖုံးလွှမ်းထားတဲ့ အခေါင်းတွေကို အခမ်း အနားနဲ့ ဆိုးလ် မြို့တော်မှာ လေယဉ်တွေပေါ် တင်ခဲ့ ပါတယ်။

ပြီးတဲ့နောက်မှာတော့ အခေါင်းတွေကို မြောက်ကိုရီးယားနဲ့ နယ်စပ်က တရုတ်မြို့ တစ်မြို့ ဖြစ်တဲ့ ရှန်ယန်းကို သယ်သွားပါတယ်။

တရုတ် စစ်သားတွေရဲ့ အလောင်းတွေကို အရင်က ကိုရီးယားနိုင်ငံ နေရာအနှံ့မှာ မြုပ်ထားခဲ့တာ ဖြစ်ပြီး အခုမှ ပြန်တူးဖော်လို့ တစ်စုတဝေးတည်း စုထားပြီး တရုတ်ကို ပြန်သယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယား စစ်ပွဲအတွင်း မြောက်ကိုရီးယား ဘက်က ဝင်တိုက်ပေးတဲ့ တရုတ်စစ်သား သောင်းချီပြီး စစ်မြေပြင်မှာ ကျဆုံးခဲ့ပါတယ်။

0 မှတ်ချက်များ for "ကိုရီးယား စစ်ပွဲတွင် ကျဆုံးခဲ့သော စစ်သား ၄၀ဝ ကျော် ရုပ်ကြွင်းတွေ တရုတ် ပြန်သယ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++