ခရိုင်းမီးယားကို ရုရှားထဲ မထည့်ဖို့ အနောက်အုပ်စု ဖိအားပေး

ယူကရိန်းနိုင်ငံမှာရှိတဲ့ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံထဲ ဆွဲသွင်းဖို့ ရုရှားအစိုးရက ကြိုးပမ်း နေ တာတွေ ကို ရပ်ရင်ရပ် မရပ်ရင်တော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားအစိုးရကို အနောက်အုပ်စု နိုင်ငံခေါင်းဆောင်တွေက သတိပေး လိုက်ပါတယ်။

ခုပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ရုရှား အစိုးရအနေနဲ့ ပေးဆပ်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ခရိုင်းမီးယားကို ရုရှားနိုင်ငံနဲ့ ပေါင်းသင့် မသင့် ဆိုတာကို အခုလာမယ့် တနဂင်နွေနေ့မှာ လူထု ဆန္ဒခံယူပွဲ ကျင်းပဖို့ လုပ်တာဟာနိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ကျတယ်လို့လည်း သမ္မတ အိုဘားမား က ပြော သွားပါတယ်။

ယူကရိန်းကြားဖြတ် ဝန်ကြီးချုပ် အာဆဲနီ ယက်ဆဲညုက်နဲ့ ဆွေးနွေး ပြောဆိုအပြီးမှာ သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ အခုလို ပြောကြားလိုက်တာပါ။

မစ္စတာ အာဆဲနီ ယက်ဆဲညုက် ကတော့ ယူကရိန်းနိုင်ငံအနေနဲ့ ဘယ်တော့မှ လက်မြောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောသွားပါတယ်။

ခရိုင်းမီယား ဒေသကိစ္စ လူထုဆန္ဒ ခံယူပွဲကို ရုရှားက ရှေ့ဆက် ကျင်းပသွားမယ် ဆိုရင် EU ဥရောပ သမဂ္ဂ ကရော G7 စက်မှု ထိပ်သီး ၇နိုင်ငံ ကပါ ရုရှားနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အစောပိုင်းတုန်းက ပြောသွားပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ယူကရိန်း ပဋိပက္ခ ဖြေ ရှင်းရေး နည်းလမ်းတွေ ချပြဖို့အတွက် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။____ဘီဘီစီ

0 မှတ်ချက်များ for "ခရိုင်းမီးယားကို ရုရှားထဲ မထည့်ဖို့ အနောက်အုပ်စု ဖိအားပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++