သီရိလင်္ကာ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလကော်မရှင် မဲခွဲဆုံးဖြတ်

သီရိလင်္ကာ ပြည်တွင်းစစ်အတွင်းက ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးရေး အတွက် နိုင်ငံတကာ စုံစမ်းရေးတွေ လုပ်ဖို့ ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်က ဂျနီဗာမှာ မဲခွဲ ဆုံးဖြတ်ခဲ့ ပါတယ်။

၂ဝဝ၉ မှာ ဆုံးခန်းတိုင် သွားတဲ့ ၂၅ နှစ်ကာ ပြည် တွင်းစစ်ကြီးအတွင်း အစိုးရတပ်နဲ့ တမီးသူပုန် တပ်တွေ နှစ်ဘက်လုံးက ရာဇဝတ်မှုတွေ ကျူးလွန် တယ်ဆိုတဲ့ စွပ်စွဲမှု တွေကို စုံစမ်း စစ်ဆေးရေးလုပ်ဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆို ထားပါတယ်။

သီရိ လင်္ကာ အစိုးရရဲ့ ရင်ကြားစေ့ ရေး ကြိုးပမ်းချက်တွေကို ထိခိုက်လိမ့်မယ်ဆိုပြီး သမ္မတ Mahinda Rajapakse က ဒီဆုံးဖြတ်ချက်ကို ပယ်ချ ခဲ့ပါတယ်။

တရားမျှတမှုနဲ့ တာဝန်ယူမှု သဘောတရားကို ရှောင်လွှဲလို့ မရကြောင်း ဒီဆုံးဖြတ်ချက်က ပြတ်ပြတ် သားသားထောက်ပြ လိုက်တာလို့ အမေရိကန် က ပြောကြားပါတယ်။___ဗွီအိုအေ

0 မှတ်ချက်များ for "သီရိလင်္ကာ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလကော်မရှင် မဲခွဲဆုံးဖြတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++