ထိုးစစ်ဆင်တဲ့ အစိုးရတပ်နဲ့ KIA တပ် တိုက်ပွဲဆက်ဖြစ်
ထိုးစစ်ဆင်လာတဲ့ မြန်မာအစိုးရတပ်ဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံတပ်တွေနဲ့ ဒေသခံ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၂ တပ်အကြား ကချင်ပြည်နယ် ဖေဖော်ဝါရီ ၆ ရက်နေ့က ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦး ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
"ပစ်တာကတော့ မနေ့ကမနက် ၈ နာရီခွဲကနေ ၁ နာရီအထိ ပစ်တယ်ပေါ့၊ တစ်ယောက်တော့ နည်း နည်းတော့ ထိတယ်လို့တော့ပြောတယ်၊ ဟိုဒဏ်ရာကြီးတာတော့ မရှိဘူးပေါ့၊ အိမ်သုံးလုံး ထိတယ် လို့တော့ကြားတယ်၊ ကောင်လွင်ရွာက လူတွေကတော့ ဟိုအရင်တစ်ခေါက် ကတော့ ကြောက်လန့် စိုးရိမ်လို့ရှောင်တာ၊ ဒီတစ်ခေါက်တော့ ရွာထဲက အဆင်ပြေတဲ့နေရာလေးတွေမှာ ပုန်းခိုတယ်ပေါ့၊ ဘုန်းကြီးကျောင်းတို့ နောက်သင့်တော်တဲ့အိမ်တို့ပေါ့ဗျာ၊ လုံခြုံမယ့်နေ ရာလေးတွေတော့ စုပြီးတော့ ပုန်းတာပေါ့ဗျာ" မန်စီမြို့နယ် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
ကျနော်တို့ တပ်ရှိတဲ့နေရာတွေကို ထိုးစစ်လာလို့ တိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ကို ထိုးစစ်လာမှု မလုပ်ဘူးဆိုရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူးခင်္ဗျား။ ငြိမ်းချမ်းရေး လုပ်ပြီးတော့ တဖက်က ထိုးစစ် ဆင်လာတယ်ဆိုတော့ ကျနော်တို့က တော်တော်တင်းတယ်" ချင်လွတ်မြောက်ရေး တပ်မတော် KIA ဘက်က ပြောပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က တပ်မတော်အရာရှိတစ်ဦးက အာအက်အေ မြန်မာပိုင်းမှာ ပြောသွား တာတော့ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ တရားမဝင် သစ်မှောင်ခိုအဖွဲ့တွေကို လိုက်လံရှာဖွေရာကနေ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။
ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင်လွင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့တုန်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

0 မှတ်ချက်များ for "ထိုးစစ်ဆင်တဲ့ အစိုးရတပ်နဲ့ KIA တပ် တိုက်ပွဲဆက်ဖြစ်"