ကလေးတွေရဲ့ လိင်မှုဆိုင်ရာ ကျူးလွန်နေတဲ့ ဘုန်းကြီးတွေကို ချက်ချင်းထုတ်ပစ်ပေးဖို့ ကုလသမဂ္ဂ တောင်းဆို

ခရစ်ယာန် ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်မှုဆိုင်ရာ မတရားမှုတွေ ပြုလုပ်နေတာကို ဗာတီကန်က အကာအကွယ် ပေးနေတယ်လို့ ကုလသမဂ္ဂက ပြောဆို လိုက်ပါတယ်။ 

ကလေးပေါင်း ထောင်နဲ့ချီပြီ ခရစ်ယာန် ဘုန်ကြီးတွေရဲ့ မုဒိမ်းကျင့်မှုနဲ့ လိင်မှုဆိုင်ရာ စော်ကားမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားပါတယ်။

ကလေးတွေအပေါ် စော်ကားသူတွေနဲ့ အဲဒီ မတရားမှုတွေ ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိသူ ဘုန်းကြီးတွေ အားလုံးကို ဗာတီကန်အနေနဲ့ ရာထူးက ချက်ချင်း ထုတ်ပယ်ပစ်ရမယ်လို့လည်း ကုလသမဂ္ဂက တောင်းဆို လိုက်ပါတယ်။

ဗာတီကန်အနေနဲ့ ဒီအမှုတွေရဲ့ စာရင်းကို ဖွင့်ချပြရမယ်လို့လည်း တောင်းဆိုလိုက်ပြီး ကျူးလွန်ခဲ့သူ ဘုန်းကြီးတွေကို ပြစ်ဒဏ်စီရင်ဖို့နဲ့ သားကောင် ဖြစ်ခဲ့ရသူတွေကို နစ်နာကြေးပေးဖို့ အစီရင်ခံစာ က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဗာတီကန် တာဝန်ရှိသူတွေက ကော်မတီအဖွဲ့ဝင်တွေက တစ်ရက်လုံး ကြာအောင်
မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့အစီရင်ခံစာကို အသေအချာ လေ့လာစစ်ဆေးဖို့အတွက် တင်သွင်းသွားမယ်လို့ ဗာတီကန်နန်းတော်က ဗုဒ္ဓဟူးနေ့ မှာ ကြေညာချက်ထုတ်ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။

0 မှတ်ချက်များ for "ကလေးတွေရဲ့ လိင်မှုဆိုင်ရာ ကျူးလွန်နေတဲ့ ဘုန်းကြီးတွေကို ချက်ချင်းထုတ်ပစ်ပေးဖို့ ကုလသမဂ္ဂ တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++