မြန်မာအတွက် ပတ်စ်ပို့စာအုပ် - ဈေးနှုန်းအသစ် စင်ကာပူ ထုတ်ပြန်
စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင် လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံသားများအတွက် ၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ နိုင်ငံကူး လက်မှတ်စာအုပ် ပြုလုပ်ခ နှုန်းထားအသစ်ကို စင်ကာပူနိုင်ငံတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အသစ်ပြုလုပ် ပါက
စင်ကာပူဒေါ်လာ ၃၅ ဒေါ်လာဖြစ်ပြီး ပျောက် ဆုံး ပျက်စီး၍ အသစ်ပြန်လည်ပြုလုပ်ပါက
ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ ၁၀၅ ဒေါ်လာနှင့် စာအုပ် အသစ်ပြုလုပ်ခ ၃၅ ဒေါ်လာ စုစုပေါင်း ဒေါ်လာ ၁၄၀ ကောက်ခံမည် ဖြစ်ကြောင်း စင်ကာပူ နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
၂၀၀၂ ခုနှစ်မှစတင်ပြီး အခွန်အားလုံး ကင်းလွတ်ခွင့် ပြုလိုက်သည့် အချိန်မှာပင် နိုင်ငံကူး လက်မှတ် စာအုပ် ပြုလုပ်ခ တစ်ခုတည်းပင်လျှင် စင်ကာပူဒေါ်လာ ၁၅၀ ပေးသွင်းခဲ့ရကြောင်း၊ ယခု စင်ကာပူဒေါ်လာ ၃၅ သာ ကျသင့်မည်ဖြစ်၍ ဒေါ်လာတစ်ရာကျော် သက်သာသွားကြောင်း စင်ကာပူတွင် နေထိုင် လုပ်ကိုင်နေသူ မမိမိမိုးက ဆိုသည်။___တဗွိုင့်

0 မှတ်ချက်များ for "မြန်မာအတွက် ပတ်စ်ပို့စာအုပ် - ဈေးနှုန်းအသစ် စင်ကာပူ ထုတ်ပြန်"