တောင်ကိုရီးယား က နျူကလီးယား ဓာတ်ပေါင်းဖိုသစ်များ ထပ်မံ တည်ဆောက်
တောင်ကိုရီးယားနိုင်ငံ၌ နျူကလီးယား ဓာတ်ပေါင်း ဖိုနှစ်လုံးကို ထပ်မံတည်ဆောက်ရန် အစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ကြောင်း၊ ဂျပန်နိုင်ငံ ဖူကူရှီးမားပြည်နယ်၌ နျူကလီးယားဘေးဥပဒ် ဆိုက်ရောက် ခဲ့ပြီးချိန် နောက်ပိုင်း တောင်ကိုရီး ယားနိုင်ငံတွင် ပထမဆုံးအကြိမ် ဓာတ်ပေါင်းဖို များကို ပြန်လည် တည်ဆောက်ခြင်းဖြစ်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းရရှိသည်။
ရှင်ကိုရီ နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ အမှတ်(၅)နှင့် အမှတ်(၆) ဓာတ်ပေါင်းဖိုများ တည်ဆောက်မှု တွင် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလထက် နောက်မကျဘဲ ပြီးစီးမည်ဟု မျှော်လင့်ရသည်။
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀၀ စီ ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ပေါင်းဖိုများ တည်ဆောက်ခြင်းအတွက် စုစုပေါင်း ဝမ်ငွေ ၇ ဒငမ ၆၂ ထရီလီယံ (ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ) ကျခံသုံးစွဲရမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၌ လောလောဆယ် ဓာတ်ပေါင်းဖို ၂၃ လုံးရှိပြီး နောက်ထပ် ဓာတ်ပေါင်းဖို ၁၁ ခုံးအထိ တည်ဆောက်ရန် အစီအစဉ် ရေးဆွဲထားသည်။ ___ပီတီအိုင်


0 မှတ်ချက်များ for "တောင်ကိုရီးယား က နျူကလီးယား ဓာတ်ပေါင်းဖိုသစ်များ ထပ်မံ တည်ဆောက်"