ကမ္ဘောဒီးယားကို ကားခ ၆ သောင်းကျပ်နဲ့ သွားရောက် လည်ပတ်နိုင်ပြီ
ကားခကျပ်ခြောက် သောင်းရှိရုံဖြင့် ကမ္ဘောဒီး ယားနိုင်ငံသို့ အဆင့်မြင့် ယာဉ်လိုင်းများဖြင့် သွားရောက်လည် ပတ်နိုင်တော့ မည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါခရီးစဉ်ကို (Vega Travel & Tour) မှ ယခု လတွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကာ ယာဉ်စီး ခ ကျပ်ခြောက် သောင်းသတ်မှတ်ထားပြီး ရန်ကုန်၊ မြ၀တီ၊ မဲဆောက်၊ ဘန်ကောက်မှတစ်ဆင့် ကမ္ဘော ဒီးယား(အန်ကောဝပ်)သို့ ဆက်လက်ပြေး ဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီမှတာဝန်ရှိသူတစ် ဦးဖြစ်သူ ကိုကျော်ကိုက ““မြန်မာနိုင်ငံပြည် တွင်းကနေပြီးတော့ ခရီးစဉ် လမ်းကြောင်း အသစ်အဖြစ် တိုးချဲ့ပြေးဆွဲတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ တခြားနိုင်ငံတွေ ကိုလဲ လမ်းကြောင်းအသစ်တွေ ထပ်ပြေးဆွဲနိုင် ဖို့စီစဉ်နေပါတယ်။ အခုခရီးစဉ်က ရန်ကုန်- ဘန်ကောက်-ကမ္ဘောဒီးယားခရီးစဉ်အဖြစ် ဆွဲထားတဲ့အတွက် ခရီးသည်တွေက ဘန် ကောက်မှာဝင်လည်နေခဲ့မယ် ဆိုရင်လဲ ရ ပါတယ်။ အဓိကကတော့ အသွားခရီးစဉ် အတွက်ပဲဆိုပေမယ့် ခရီးသည်တွေရဲ့ဆန္ဒ အတိုင်း စီစဉ်ပေးမှာပါ””ဟုပြောသည်။
အဆိုပါခရီးစဉ်ကို ယာဉ်စီးခအ ဖြစ် ကျပ်ခြောက်သောင်းသတ်မှတ်ထား ကာ ယင်းမှာ အသွားခရီး တစ်ကြောင်းသာ ဖြစ်ကြောင်းနှင့် ဘန်ကောက်အထိသာသွား ရောက်မည်ဆိုပါက ကျပ်ငါးသောင်း သာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ယာဉ်များဖြင့် ခရီး
စဉ်ပြေးဆွဲပေးမည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်
ယာယီနိုင်ငံကူး လက်မှတ် ၀င်ရောက်လျှောက် ထားရမည်ဖြစ်ပြီး ကမ္ဘောဒီးယားသို့
ဗီဇာ ကြေးအဖြစ် ဒေါ်လာသုံးဆယ်ပေးဆောင် ၍ လည်ပတ်နိုင်မည်ဖြစ်သည်။
ရန်ကုန်-ဘန်ကောက်-ကမ္ဘော ဒီးယားခရီးစဉ်ကို ရန်ကုန်မှ နံနက် ၆နာရီ တွင် စတင်ထွက်ခွာ မည်ဖြစ်ပြီး မြ၀တီသို့ ညနေ ၅ နာရီဝန်းကျင်တွင်ရောက်ရှိမည် ဖြစ်ကာ ခရီးသည်များအတွက် နှစ်နာရီခန့် နားမည်ဖြစ်သည်။ ထို့နောက် မဲဆောက် မှ ည ၈ နာရီခန့်တွင်ပြန်လည်ထွက်ခွာပြီး ဘန်ကောက်မြို့သို့ နံနက် ၆ နာရီခန့် တွင် ရောက်ရှိမည်ဖြစ်သည်။ ဘန်ကောက်မှတစ် ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် ရမည့်အချိန်ကို ခရီးသည်များ မိမိကြိုက် နှစ်သက်သည့်အချိန်တွင် သွားရောက်နိုင် သည်ဟု သိရသည်။

ရန်ကုန်-ဘန်ကောက်-ကမ္ဘော
ဒီးယားခရီးစဉ်အပြင် အခြားဘန်ကောက်- ရန်ကုန်-ပုဂံ၊ ဘားအံ-ဘန်ကောက်၊ မန္တလေး-
ဘန်ကောက်ခရီးစဉ်များလည်း ပြေးဆွဲလျက် ရှိသည်ဟုသိရသည်။__၀ိုင်အမ်ဂျီ

0 မှတ်ချက်များ for "ကမ္ဘောဒီးယားကို ကားခ ၆ သောင်းကျပ်နဲ့ သွားရောက် လည်ပတ်နိုင်ပြီ "