နျူကလီးယားအရေး အင်အားကြီး ၆ နိုင်ငံနှင့် အီရန် ဆွေးနွေးမည်
အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် ယခု ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ ဗီယင်နာတွင်
နျူလက်နက်၊ နျူ အစီအစဉ်များနှင့် ပတ်သက် ၍ ဆွေးနွေးမည်ဟု Reuters သတင်းက ဖော်ပြ ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ အချိန်ကြာမြင့်စွာ တီဟီရန် အပေါ် ပိတ်ပင်ထားမှု၊ အစိတ်အပိုင်းလိုက် ဖြေ
လျှော့ရန်၊ အဆင့်ဆင့် ဆွေးနွေးမည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်း အက်ရှတန်က ယခုသီတင်းပတ် သောကြာနေ့က ထုတ်ဖော်ပြခဲ့သည်။
''ဗီယင်နာမှာရှိတဲ့ ကုလသမဂ္ဂအဆောက်အအုံမှာ ဖေဖော်ဝါရီ ၁၈ ရက်ရောက်ရင် ကျွန်မတို့ ဆွေးနွေး ကြမှာပါ။ အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗေးကရစ်နဲ့လည်း မြူးနစ်မှာ ကျင်းပတဲ့ လုံခြုံရေး ကွန်ဖရင့်မှာ တွေ့ခဲ့ပြီးပါပြီ။ အလွန်စိတ်ဝင်စားစရာ ကောင်းမယ့် အစည်းအဝေး ဖြစ်လာမှာပါ'' ဟု သတင်း သမားများကို ရှင်းပြသည်။
အီရန်နိုင်ငံက ဥရောပသမဂ္ဂမှ ကက်သရင်းအက်ရှတန်ကို အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့ ကိုယ်စားပြု၍ အီရန်နိုင်ငံသို့ အလည်လာပါဟု ဖိတ်ကြားခဲ့ကြောင်း၊ သူကလည်း မကြာမီ လာပါမည်ဟု ကတိပေးခဲ့ ကြောင်း ပြောပြသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အီရန်နိုင်ငံ သမ္မတကြီး ဟာဆန်ရိုမာနီက အီရန်နိုင်ငံအနေနှင့် ကောင်း မွန်သော စီးပွားရေး ဖြစ်ထွန်းသည့် နိုင်ငံဖြစ်စေရန် နည်းလမ်းများ ရှာဖွေလျက်ရှိသည်။

အနောက်နိုင်ငံများမှ ကုမ္ပဏီများအနေနှင့် အီရန်နိုင်ငံသို့ လာကာ အခွင့်ကောင်းများ ရှာဖွေသင့်သည်ဟု အကြံပြုခဲ့သည်။___ဘီဘီစီ

0 မှတ်ချက်များ for "နျူကလီးယားအရေး အင်အားကြီး ၆ နိုင်ငံနှင့် အီရန် ဆွေးနွေးမည်"