ဂျပန်က မြန်မာကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည်
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာ ခွင့်ပြုချက်
ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
JapanVisaဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထား ရမှာ
ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ် တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက် ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လို အရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင် မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိ သူတယောက်က ဖြေကြားပါတယ်။
လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထား ကြရတာ
ဖြစ်ပါတယ်။___ဒီဗွီဘီ

0 မှတ်ချက်များ for "ဂျပန်က မြန်မာကို Multiple- entry ဗီဇာ ခွင့်ပြုပေးမည် "