ဂျာမနီနိုင်ငံ၌ အီးမေးလ်လိပ်စာများ အခိုးခံရ
ဂျာမနီနိုင်ငံတွင် အီးမေးလ်အသုံးပြုသူ ၁၆ သန်း၏ Password နှင့် အခြားအချက်အလက်များ ခိုးယူ ခံရကြောင်း ဂျာမနီနိုင်ငံ အမျိုးသားလုံခြုံရေး
အေဂျင်စီ က ထုတ်ဖော်ပြောကြားသည်။
အေဂျင်စီ က ထုတ်ဖော်ပြောကြားသည်။
အဆိုပါ ရာဇဝတ်မှုများကြောင့် အီးမေးလ်လိပ်စာနှင့် Password အသုံးပြုသော ကွန်ပျူတာများ ထိခိုက်မှု ရှိကြောင်း ဖက်ဒရယ် လုံခြုံရေးရုံးက ပြောသည်။
သို့ရာတွင် အဆိုပါ လုံခြုံရေးအေဂျင်စီက ဝက်ဘ်ဆိုက်များတွင် Password များ မည်သို့မည်ပုံ ခိုးယူခဲ့ပုံကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ၄င်းအေဂျင်စီက အခိုးခံရသော Password များ စစ်ဆေးနိုင်ရန် ဝက်ဘ်ဆိုက်လွှင့်၍ ပြည်သူများကို စစ်ဆေးနိုင်ရန် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများကြောင့် ပရိုဂရမ်နှင့် ကွန်ပျူတာ သန်းပေါင်းများစွာတို့ ထိခိုက်ပျက်စီးစေနိုင်ကြောင်း ၄င်းအေဂျင်စီက သတိပေးထားသည်။ ယင်းခိုးမယူမှုသည် ဂျာမနီနိုင်ငံရှိ အီးမေးလ်လိပ်စာများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ __ဘီဘီစီ


0 မှတ်ချက်များ for "ဂျာမနီနိုင်ငံ၌ အီးမေးလ်လိပ်စာများ အခိုးခံရ"