၁၆-၁-၂ဝ၁၄ မှ ၂၂-၁-၂ဝ၁၄ ရက်နေ့အထိ (၇) ရက် သားသမီးများအတွက် ဟောစတမ်း

တနင်္ဂနွေ
ဖြစ်ပေါ်နေသော အခက်အခဲကို ကျော်လွှား၍ တိုးတက်မှုများ ရရှိမည်။ ဆိုင်းငံ့ ထားသော လုပ်ငန်းများ ပြန်လည် စတင်နိုင်မည်။ ရပ်ဝေးနှင့် ဆက်သွယ်ပြီး လုပ် သောကိစ္စများမှ ထူးခြားမည်။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်မူကို ဦးစားပေး လုပ်ကိုင် ရာမှ အောင်မြင်မှုများ အခိုင်အမာ ဖြစ်ထွန်းလာမည်။ ရင်းနှီးချစ်ခင်သောသူများနှင့် စကားများရတတ်သည်။
 
ယတြာ ။ ။ မွေးနေ့တွင် ဖရဲစေ့ ၉၉ စေ့ကို ကြိုးနှင့်သီ၍ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားပါ။
~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
တနင်္လာ
ဆုံးဖြတ်ချက်ချပြီး ဆောင်ရွက်လိုက်သော လုပ်ငန်းများမှ ဘဝအနေအထား ပြောင်းလဲပြီး အောင်မြင်မှုများ အဆင့်မြင့်မားစွာရရှိမည်။ မျောက်ရုပ်ပန်းချီ (သို့) ဓာတ်ပုံတို့ကို ကိုယ်အလုပ်လုပ်သော ဝန်းကျင်တွင် ထားရှိပါ။ စီးပွားတက်မည်။ အကြံÓဏ်ကောင်းများ ရရှိလာမည်။ လူလိမ် လူကောက်အန္တရာယ် အထူးဂရုစိုက် ရမည်။ သူတစ်ပါးအပေါ် အားနာလွယ်ခြင်း၊ ယုံလွယ်ခြင်းကြောင့် စိတ်အနှောင့် အယှက်များ ဖြစ်တတ်သည်။

ယတြာ ။ ။ မွေးနေ့တွင် အဝါရောင်မျက်နှာသုတ်ပုဝါကို နေရောင်ခြည်နှင့် ထိတွေ့ပြီး သုံးစွဲပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်္ဂါ
 ပေါ်ပေါက်လာသော စိတ်ကူးသစ်နှင့် လမ်းသစ်ထွင်ကာ အောင်မြင်မှုကို ဖန်တီးနိုင်မည်။ ဆောင်ရွက်ထားသောကိစ္စများမှ ကောင်းသော အကျိုးအမြတ်ရ မည်။ မမျှော်လင့်ဘဲ ခရီးသွားရမည်။ ခရီးသွားစဉ် အင်္ကျီ၊ အဝတ်အထည်တွင် အနီရောင်ပါအောင် ဝတ်ဆင်၍ သွားပါ။ ထူးထူးခြားခြား ကောင်းခြင်းကံနှင့် အဆင် ပြေခြင်းများ ဖြစ်ပေါ်မည်။

ယတြာ ။ ။ မွေးနေ့တွင် သုံးထပ်သားပြားပေါ်တွင် ပို့ စကတ်ငယ်လေးများ ကပ်၍ ထောင်ထားလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူး

ဆွေမျိုး အကြီးအကဲတို့၏ ကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ ရင်းနှီး သောသူများနှင့် စကားများရမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ အပျောက် အရှ၊ အကုန်အကျများမည်။ ရန်၊ ပဋိပက္ခများနှင့် ထိပ်တိုက်တွေ့မည်။ နိုင်ငံရပ် ခြားနှင့် ပတ်သက်သောကံ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင်လည်း ကောင်း ကြုံနိုင်သည်။ ရသင့်လျက် ကြန့်ကြာနေသော ငွေကြေးပစ္စည်းများ လက်ဝယ်ပြန် လည်ရရှိမည်။

ယတြာ ။ ။ မွေးနေ့တွင် စာရွက်ဖြူပေါ်တွင် ဝ လုံး ၈ လုံးရေး၍ ၈ ရက်ထားအိပ်ပြီး ရေတွင် မျှောလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရာဟု
အခက်အခဲကြားမှ တက်လမ်းများ ဖန်တီးနိုင်ခြင်း ရှိမည်။ ယှဉ်ပြိုင်မှု အောင် မြင်ခြင်းနှင့် သြဇာကြီးမားခြင်းတို့ ကြုံမည်။ လုပ်ငန်းလုပ်သူများအဖို့ သြဇာကောင်း စေရန်အလို့ငှာ အလုပ်ခန်းအဝင်ဝနှင့် ဝေးသောနေရာတွင် ထိုင်ခြင်းပြုပါ။ အိမ် တွင် သြဇာကောင်းစေရန် အိပ်ခန်းဝ၊အဝင်ဝတံခါးဝနှင့် ဝေးသောနေရာတွင် အိပ် စက်ရမည်။ တောင်အရပ်ကို မျက်နှာမူ၍ ဖြစ်စေ၊ တောင်အရပ်တွင်ဖြစ်စေ ဖယောင်းတိုင်အနီထွန်းခြင်း ပြုပါ။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် မြက်ပင် (သို့) သစ်ရွက်ကို ကတ်ထူပြားပေါ်တွင် ကော်နှင့်ကပ်၍ ဓာတ်ပုံဘောင်သွင်းထားပါ။
~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
ကြာသပတေး ရန်အတိုက်အခံများနှင့် ရင်ဆိုင်ပြီးမှ အလိုရှိရာ ပြည့်စုံမည်။ အလွယ်တကူ ရသည်ဟူ၍ မရှိ။ ဦးတည်လိုက်တိုင်း နေရာများတွင် အတားအဆီးရှိပြီးမှ အလို ပြည့်စုံမည်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေရေး၊ ကြေးရေး ကြားဝင်အာမခံ ခြင်းကို ရှောင်သင့်သည်။ သူတစ်ပါးကြောင့် မိမိအကြံအစည်များ ပျက်ယွင်းတတ် သည်။ အနောက်တောင်အရပ်တွင် ကျောက်သားနှင့် ထုလုပ်ထားသော ပန်းပုရုပ် ထားရှိလိုက်ပါ။ အညံ့အဆိုးအလုံးစုံ ကင်းစင်၍ ကောင်းသော တက်လမ်းများ ဖြစ် ပေါ်လာနိုင်သည်။
ယတြာ ။ ။ မွေးနေ့တွင် မိမိအမည်ကို ကတ်ပြားဝါအပေါ် မင်နီနှင့် ရေးပြီး အမြင့်တစ်နေရာတွင် တင်ထားပါ။

~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
သောကြာ အတိုက်အခံအားလုံးကို ကျော်လွှားနိုင်မည်။ အဆင့်မြင့်သော ဘဝအခြေအနေ သို့ ကူးပြောင်းတိုးတက်ခြင်း ကြုံမည်။ အလုပ်အဆင့် တိုးခြင်း၊ ဝင်ငွေတိုးပွားခြင်းတို့ ဖြစ်ပေါ်မည်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်း၊ ငွေကြေးအာမခံခြင်း သတိပြုပါ။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ ရန်မနာလိုသူများနှင့် ထိပ်တိုက်တွေ့ မည်။
ယတြာ ။ ။ မွေးနေ့တွင် မိမိ၏ ဆံပင်ကို ပုံစံပြောင်းပေးပါ။
~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
စနေ ရန်မနာလိုသူများ ဝန်းကျင်တွင် ရှိနေမည်။ စာရွက်စာတမ်းကိစ္စ၊ ငွေရေးကြေး ရေးကိစ္စအတွက် စကားပြောရမည်။ အနီးကပ် ဒုက္ခပေးသူများ ရှိမည်။ ကြုံတွေ့သော အခက်အခဲများမှ ကင်းလွတ်စေရန် သစ်တော်သီးပင်တစ်ပင်၊ ဝါးပင်တစ်ပင်နှစ်ခုကို ပူးတွဲသည့်ပုံကို အရှေ့အရပ်တွင် ထားပါ။ ထူးထူးခြားခြား ကံမြင့်မားခြင်းနှင့် တိုး တက်သော အနေအထားသို့ ရောက်ရှိမည်။ ပြဿနာအခက်အခဲများရှိက ဖယ်ရှားနိုင် သည်။
ယတြာ ။ ။ မွေးနေ့ တွင် ချိုချဉ် ၁၄ လုံးကို မိတ်ဆွေများနဲ့ ဝေမျှစားပေးပါ။

0 မှတ်ချက်များ for "၁၆-၁-၂ဝ၁၄ မှ ၂၂-၁-၂ဝ၁၄ ရက်နေ့အထိ (၇) ရက် သားသမီးများအတွက် ဟောစတမ်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++