လစ်ဗျားတွင် အီဂျစ်သံတမန်များ ပြန်ပေးဆွဲခံရ
လစ်ဗျားနိုငံ
မြို့တော် ထရီပိုလီ၌ အီဂျစ်သံတမန်ငါးဦးနှင့် သံရုံးဝန်ထမ်းများကို
သေနတ်သမားများ က ပြန်ပေးဆွဲ သွားကြောင်း လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးဌာနက
ပြော ကြားသည်။
ဤသို့ ပြန်ပေးဆွဲခြင်းသည် အီဂျစ်နိုင်ငံတွင်
လစ်ဗျားပြည် သူ့စစ်ခေါင်းဆောင် တစ်ဦးကို ထိန်းသိမ်းထားခြင်းအတွက်
လက်တုံ့ပြန်ခြင်းဖြစ်ဖွယ်ရာရှိသည်ဟု ဆိုသည်။
အီဂျစ်နိုင်ငံက ၄င်း၏
အုပ်ချုပ်ရေးဆိုင်ရာ သံအရာရှိတစ်ဦးကို ထရီပိုလီမြို့တွင်
သောကြာနေ့နှောင်းပိုင်း၌
ပြန်ပေးဆွဲသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ပြန်ပေးဆွဲသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စနေနေ့ နံနက်စောစောအချိန်တွင် အခြားအီဂျစ်သံတမန်လေးဦးလည်း
ပြန်ပေးဆွဲခံရကြောင်း လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
လစ်ဗျားသတင်းဌာနက ပြည်သူ့စစ်ခေါင်းဆောင် ရှာဆန်ဟာဒီယာကို အီဂျစ်နိုင်ငံတွင်
ဖမ်းဆီးထားကြောင်း သတင်းဖော်ပြပြီးသည့်နောက် နာရီပိုင်းအကြာတွင် ဤသို့
ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။___အေပီ


0 မှတ်ချက်များ for "လစ်ဗျားတွင် အီဂျစ်သံတမန်များ ပြန်ပေးဆွဲခံရ"