အိန္ဒိယမှာ ရွာလူကြီးတွေ အမိန့်နဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဘင်္ဂ္လား ပြည်နယ်မှာ မိန်းမငယ် တစ်ဦးကို အမျိုးသား ၁၂ ယောက်က အုပ်စုနဲ့ မတရား ပြုကျင့်ခဲ့မှုဟာ အဲဒီ မိန်းမငယ်နဲ့ တခြား လူမျိုးစုက လူတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို လက်မခံတဲ့ ရွာလူကြီးတွေရဲ့ အမိန့်နဲ့ အပြစ်ပေးတာလို့ ယူဆရပါတယ်။

ရဲတွေက မသင်္ကာသူ ၁၂ ယောက်နဲ့ရွာလူကြီး တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။

အသက် ၂၀ အရွယ် အမျိုးသမီးကို ဆေးရုံမှာ ဆေးကုသပေးနေပြီး အခုတော့ အခြေအနေ တည်ငြိမ် နေတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ ဖြစ်ခဲ့တဲ့ အဓမ္မ ပြုကျင့်မှု အတော်များများ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးတဲ့နောက် လိင်မှုဆိုင်ရာ ဥပဒေ တွေကို အစိုးရက မကြာသေးခင်ကပဲ ပိုမိုတင်းကျပ်ခဲ့ပါတယ်။__ဘီဘီစီ

0 မှတ်ချက်များ for "အိန္ဒိယမှာ ရွာလူကြီးတွေ အမိန့်နဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++