ရွေးကောက်ပွဲ ရွှေ့ ဆိုင်းရေး ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေက လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေ ချိန်မှာ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် က ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေး ကိစ္စ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အစိုးရ ၀န်ကြီးတွေကို အရေးပေါ် အစည်းအဝေး
ခေါ်ယူခဲ့ပြီးနောက်မှာ ၀န်ကြီးချုပ်က ဆန္ဒပြ သမားတွေ၊ နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်လိုက် တာလို့ ၀န်ကြီးချုပ်ရဲ့ အကြီးတန်း လက်ထောက်တယောက်က ပြောပါတယ်။
ခေါ်ယူခဲ့ပြီးနောက်မှာ ၀န်ကြီးချုပ်က ဆန္ဒပြ သမားတွေ၊ နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်လိုက် တာလို့ ၀န်ကြီးချုပ်ရဲ့ အကြီးတန်း လက်ထောက်တယောက်က ပြောပါတယ်။
ဝန်ကြီးတွေကတော့ လက်ရှိဖွဲ့စည်းပုံအရ ကြားဖြတ်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားဖို့ မဖြစ်နိုင်ပေမယ့်
ရွေးကောက်ပွဲကော်မရှင်ကတော့ ရွှေ့ဆိုင်ထားဖို့ အဆိုပြုထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ရွှေ့ဆိုင်ထားဖို့ အဆိုပြုထားပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့အစား မေလ ၄ ရက်နေ့ကို ရွှေ့ဆိုင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တယောက်က အဆိုပြုထားပါတယ်။
ထိုင်းရုပ်သံလိုင်းတွေမှာတော့ အစိုးရက ဆန္ဒပြသမားတွေ၊ ပြည်သူတွေ အားလုံး စိတ်ရှည်ကြဖို့ တိုက်တွန်း တဲ့အကြောင်း ထုတ်လွှင့်ပြသပါတယ်။
ဆန္ဒပြပွဲတွေ အနည်းဆုံး တပတ်လောက် ကြာနိုင်တယ်လို့လည်း ထိုင်းရုပ်သံလိုင်းတွေက တင်ပြပါတယ်။
ဒီအတောအတွင်းမှာ ထိုင်းအတိုက်အခံ ခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်ဟောင်း အဘိဇစ် ၀ိချာချီဝ ကလည်း ကော်မရှင်ရဲ့ အဆိုပြုချက်ကို စဉ်းစားဖို့ ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
အစိုးရက ဘယ်လိုပဲ စီစဉ်ထားပေမယ့် ရွေးကောက်ပွဲအစီအစဉ်က ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အားလုံး ဆွေးနွေးပြီးတော့ ထိပ်တိုက်တွေ့နိုင်တဲ့ နည်းလမ်းကို ရှောင်ရှားပြီး တရားဝင်တဲ့ ဖွဲ့စည်းပုံနဲ့ ညီညွတ်တဲ့အထိ အဖြေရှာဖို့ လိုတယ်လို့ အဘိဇစ်က ပြောပါတယ်။___ဒီဗွီဘီ


0 မှတ်ချက်များ for "ရွေးကောက်ပွဲ ရွှေ့ ဆိုင်းရေး ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်"