အစ္စရေးထုတ် ပဲ့ထိန်းဒုံးကျည် များ တောင်ကိုရီးယား ထပ်မံဝယ်ယူမည်
တောင်ကိုရီးယားနိုင်ငံသည် အစ္စရေးလုပ် စပိုက်အမျိုး အစား ဒုံးကျည်များကို
ထပ်မံ ဝယ်ယူမည်ဖြစ်ကြောင်း
ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၉ ရက် တွင်း သတင်းထုတ်ပြန်သည်။
ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၉ ရက် တွင်း သတင်းထုတ်ပြန်သည်။
အစ္စရေးနိုင်ငံရှိ ဒုံးကျည်ထုတ်လုပ်ရေး ကုမ္ပဏီနှင့်
မိမိတို့ မကြားသေးမီက သဘောတူညီချက် ရရှိ ခဲ့ကြောင်း တောင်ကိုရီးယား
ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားသည်။
စပိုက်အမျိုးအစား ဒုံးကျည်သည်
တိကျပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ပြတင်းပေါက်အရွယ်ရှိ ပစ်မှတ်ကို ၂၅ ကီလို မီတာ
အကွာအဝေးမှ မှန်ကန်တိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိသည်။
တောင်ကိုရီးယားနိုင်ငံသည် အစ္စရေးနိုင်ငံထံမှ စပိုက်ဒုံးကျည်များကို
ယခင်ကလည်း ဝယ်ယူခဲ့ပြီး လွန်ခဲ့ သည့်နှစ် မေလက စတင်ဖြန့်ကြက်ခဲ့ကြောင်း၊
လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ပြီး
စစ်ရေးပြ အခမ်းအနားတစ်ရပ်တွင် ပြသခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ယခုအခါ စပိုက်ဒုံးကျည်များကို ပင်လယ်ဝါအတွင်းရှိ
ယုံဗြောင်ကျွန်းနှင့် ဘန်ညောင်ကျွန်းတို့၌ ဖြန့်ကြက်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်က ၄င်း၏ နယ်စပ်မှ မဝေးကွာသော
နေရာရှိ ယုံဗြောင်ကျွန်းကို အမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ တောင်ကိုရီးယား
စစ်သည်လေးဦး သေဆုံးခဲ့ရသည်။ ___ပီတီအိုင်


0 မှတ်ချက်များ for "အစ္စရေးထုတ် ပဲ့ထိန်းဒုံးကျည် များ တောင်ကိုရီးယား ထပ်မံဝယ်ယူမည်"