အချင်းချင်း မှားယွင်းပစ်ခတ်၍ အစိုးရစစ်သား ၆ဦးသေ
ကချင် ပြည်နယ်၊ ဖါးကန့်-ကားလမ်းပိုင်း နန့်ယား
ကျေးရွာ ဘုန်းကြီး ကျောင်းတွင် စခန်းချ နေသော အစိုးရစစ်တပ် (ခလရ -၃၄ရ )တပ်နှင့် (ခမရ-၅၀) တပ်ဖွဲ့တို့  ၂၀၁၄၊ ဇန်န၀ါရီ (၁၁)ရက် နံနက် (၃:၃၀) နာရီခန့် ၌ အချင်းချင်းမှားယွင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ဗိုလ်ကြီးတင်မျိုးခိုင် အပါအ၀င် (၆) ဦး သေဆုံးပြီး (၁၀) ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း သိရှိ ရသည်။

ဒေသခံမျက်မြင်သက်သေများ အဆိုအရ " အစပိုင်းမှာတော့ နှစ် ဖက်စလုံး လက်နက်ငယ်တွေ နဲ့ အရင်ပစ် ကြတယ် နောက်ပိုင်းမှာတော့ နှစ်ဘက်စလုံး လက်နက်ကြီးတွေ (မော်တာ) တွေနဲ့ တဖက်နဲ့ တဖက် အပြင်း အထန်အပြန် အလှန် ပစ်ခတ်ကြတယ်"ဟုဆိုပါသည်။
ယနေ့ မြန်မာ အစိုးရစစ်တပ်ဘက်မှ ၄င်းတိုက်ခိုက်မှုမှာ ဖားကန့် ရှိ KIA, တပ်ရင်း (၆) မှ လာရောက်တိုက် ခိုက် ခြင်းဖြစ်ကြောင်း ဆွတ်စွဲ ပြောဆို သတင်းလွှင့် နေသော်လည်း KIA, တပ်ရင်း (၆) ကမှု KIA အနေနဲ့ အထက်ညွှန်ကြားချက်အရ (တိုက်ပွဲမဖြစ်စေရန်) ယခုတိုက်ခိုက်မှု့ ဖြစ်ပွားသော နမ့်ယား ဒေသသို့ KIA, တပ်ဖွဲ့ ၀င်များ ၀င်ရောက် လှုပ်ရှားခြင်း မပြုလုပ်သည်မှာ လ နှင်ချီရှိပြီဖြစ် ကြောင်း KIA, တပ်ရင်း (၆) မှ အရာရှိများကဆိုပါသည်။___Kachinland

0 မှတ်ချက်များ for "အချင်းချင်း မှားယွင်းပစ်ခတ်၍ အစိုးရစစ်သား ၆ဦးသေ"